၁၃ မေ
ယူဂန်ဒါနိုင်ငံတွင် နယ်စပ်ဖြတ်ကျော် ကုန်တင်ယာဉ်မောင်း လေးဦး ကိုဗစ်-၁၉ ကူးစက်ခံရကြောင်း ယမန်နေ့က စမ်းသပ်စစ်ဆေးခဲ့ပြီးနောက် နိုင်ငံတစ်ဝှမ်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၁၂၆ ဦး ရှိလာသည်ဟု ယူဂန်ဒါ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
စမ်းသပ်စစ်ဆေးခဲ့သည့် ကုန်တင်ယာဉ်မောင်း ၁၄၇၈ ဦး မှ ကိုဗစ်-၁၉ ကူးစက်ခံရသူ လေးဦး ရှိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၂၆ ဦးရှိသည့်အနက် ၅၅ ဦး မှာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို