ကီယက် ၂၂ ဧပြီ
ယူကရိန်းနိုင်ငံ၌ ရွေးကောက်ပွဲ ဒုတိယအကျော့ကို ဧပြီ ၂၁ ရက်တွင် စတင်ကျင်းပလျက်ရှိကြောင်း ယမန်နေ့ဆင်ဟွာသတင်း တစ်ရပ်အရ သိရသည်။
ယူကရိန်းနိုင်ငံ ရွေးကောက်ပွဲပထမအကျော့တွင် သမ္မတ ပတ်ထရီ ပိုရိုရှန်ကိုနှင့် ရုပ်ရှင်သရုပ်ဆောင် ဗိုလိုဒီမာ ဇီလန်စကီတို့သည် ထောက်ခံမဲရရှိမှု တူညီနေသည့်အတွက် ရွေးကောက်ပွဲဒုတိယအကျော့ကို ပြန်လည်ကျင်းပရခြင်း ဖြစ်သည်။ မဲရုံများသည် ဒေသစံတော်ချိန် နံနက် ၈ နာရီမှ ည ၈ နာရီအထိ ဖွင့်လှစ်လျက်ရှိသည်။ နိုင်ငံအတွင်း မဲပေးသူဦးရေ ၃၀ ဒသမ ၃ သန်းခန့်ရှိပြီး မဲဆန္ဒနယ် ၁၉၉ ခုအတွင်း၌ မဲရုံပေါင်း၂၉၉၀ဝ ခန့် ဖွင့်လှစ်ထားကြောင်း သိရသည်။
ရွေးကောက်ပွဲလုပ်ငန်းစဉ်အရပ်ရပ်ကို အကဲဖြတ်လေ့လာနိုင်ရန် နိုင်ငံပေါင်း ၂၁ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၂၀ တို့မှ လေ့လာသူ ၂၇၀ဝ ခန့်ရှိကြောင်း ယူကရိန်းဗဟိုရွေးကောက်ပွဲကော်မရှင်က ဆိုသည်။ ရွေးကောက်ပွဲ ဒုတိယ အကျော့၏ မဲရေတွက်မှုများကို မေ ၁ ရက်တွင် ကြေညာမည်ဖြစ်ကြောင်းနှင့် သမ္မတအသစ်ခန့်အပ်မှုကို ဇွန် ၃ ရက်ထက်မကျော်လွန်စေရန် မျှော်လင့်ထားကြောင်း ယူကရိန်းဗဟိုရွေးကောက်ပွဲကော်မရှင်က ပြောကြားခဲ့သည်။
ဆင်ဟွာ