ကီယက်  ၂၂ ဧပြီ   

 


ယူကရိန်းနိုင်ငံ၌ ရွေးကောက်ပွဲ ဒုတိယအကျော့ကို ဧပြီ ၂၁ ရက်တွင် စတင်ကျင်းပလျက်ရှိကြောင်း ယမန်နေ့ဆင်ဟွာသတင်း တစ်ရပ်အရ သိရသည်။

 

ယူကရိန်းနိုင်ငံ ရွေးကောက်ပွဲပထမအကျော့တွင် သမ္မတ ပတ်ထရီ ပိုရိုရှန်ကိုနှင့် ရုပ်ရှင်သရုပ်ဆောင် ဗိုလိုဒီမာ ဇီလန်စကီတို့သည် ထောက်ခံမဲရရှိမှု တူညီနေသည့်အတွက် ရွေးကောက်ပွဲဒုတိယအကျော့ကို ပြန်လည်ကျင်းပရခြင်း ဖြစ်သည်။  မဲရုံများသည်  ဒေသစံတော်ချိန် နံနက်  ၈  နာရီမှ  ည  ၈  နာရီအထိ ဖွင့်လှစ်လျက်ရှိသည်။  နိုင်ငံအတွင်း မဲပေးသူဦးရေ ၃၀ ဒသမ ၃ သန်းခန့်ရှိပြီး မဲဆန္ဒနယ် ၁၉၉ ခုအတွင်း၌ မဲရုံပေါင်း၂၉၉၀ဝ ခန့်  ဖွင့်လှစ်ထားကြောင်း သိရသည်။

 

ရွေးကောက်ပွဲလုပ်ငန်းစဉ်အရပ်ရပ်ကို အကဲဖြတ်လေ့လာနိုင်ရန် နိုင်ငံပေါင်း ၂၁ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၂၀ တို့မှ လေ့လာသူ ၂၇၀ဝ ခန့်ရှိကြောင်း ယူကရိန်းဗဟိုရွေးကောက်ပွဲကော်မရှင်က ဆိုသည်။ ရွေးကောက်ပွဲ ဒုတိယ အကျော့၏  မဲရေတွက်မှုများကို  မေ  ၁  ရက်တွင်  ကြေညာမည်ဖြစ်ကြောင်းနှင့်  သမ္မတအသစ်ခန့်အပ်မှုကို ဇွန် ၃ ရက်ထက်မကျော်လွန်စေရန် မျှော်လင့်ထားကြောင်း ယူကရိန်းဗဟိုရွေးကောက်ပွဲကော်မရှင်က ပြောကြားခဲ့သည်။  

 


ဆင်ဟွာ