မိုင်းပန်မြို့နယ်တွင် သောက်သုံးရေရှားပါးပြတ်လတ်မှု မရှိစေရေးအတွက် ထောက်ပံ့ငွေ ကျပ်သန်း ၂ဝ ထောက်ပံ့

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် သောက်သုံးရေရှားပါးပြတ်လတ်မှု မရှိစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ငွေ ငွေကျပ် သန်း(၂ဝ) အား ခွဲဝေချထားပေးရာ
အောင်သံလွင်ပြည်နယ် အားကစားကွင်း မီတာ ၄၀၀ ပြေးလမ်းခင်းခြင်းလုပ်ငန်း ၈၅ ရာခိုင်နှုန်းပြီးစီး
ကရင်ပြည်နယ်၊ ဘားအံမြို့ အောင်သံလွင်ပြည်နယ် အားကစားကွင်း၏ မြေသားပြေးလမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်  ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်းပေါင်း ၇၄၅ သန်းဖြင့် မီတာ ၄၀၀ Synthetic ပြေးလမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၁၆ ရက်နေ့တွင်  ၈၅ ရာခိုင်နှုန်းပြီးစီး၍ အပေါ်ယံ Synthetic Rubber Layers ခင်းခြင်း လုပ်ငန်းကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။ 
မော်လိုက်မြို့၌ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား  တစ်နှစ်သက်တမ်းတိုးစနစ်ဖြင့် လေလံတင်ရောင်းချ
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များအား တစ်နှစ်သက်တမ်းတိုးစနစ်ဖြင့် လေလံတင်ရောင်းချပွဲကို ယနေ့နံနက်ပိုင်းက မော်လိုက်မြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ၂၀၁၅ ခုနှစ်ကထက် မဲရုံအရေအတွက် တိုးချဲ့သွားမည်
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်း၌ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကျင်းပခဲ့သည့် မဲရုံအရေအတွက်ထက် လက်ရှိအချိန်ထိ ကောက်ယူခဲ့သည့် မဲဆန္ဒရှင်စာရင်းအရ မဲရုံ (၇၆)ရုံ ထပ်မံတိုးချဲ့လျာထားဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးထံမှ သိရှိရသည်။
ဖလမ်းမြို့ရှိ ကုန်စုံအရောင်းဆိုင်များကို ရှောင်တခင်စစ်ဆေးရာ ငွေကျပ်(၄၆၈၀၀)ခန့် တန်ဖိုးရှိ သက်တမ်းလွန် အစားသောက်များ သိမ်းဆည်းရမိ
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ဇူလိုင် ၁၆ ရက် နံနက် ၁၀ နာရီတွင် ဖလမ်းမြို့ရှိ ကုန်စုံအရောင်းဆိုင်များတွင် သက်တမ်းလွန် အစားအသောက်များ ရောင်းချခြင်း ရှိ မရှိ ရှောင်တခင် စစ်ဆေးခဲ့သည်။
အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများ၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူးနှင့် တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းပွဲကျင်းပ
အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများ၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူးနှင့် တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ Video conferencing ဖြင့် ကျင်းပသည်။