တရားမဝင် သယ်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံးများ မြစ်ကြီးနား-တနိုင်း ကားလမ်းရှိ မရမ်ကထောင်စစ်ဆေးရေးဂိတ်တွင် ဖမ်းမိ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မြစ်ကြီးနား-တနိုင်း ကားလမ်းမရှိ မရမ်ကထောင် စစ်ဆေးရေးဂိတ်တွင် ဇူလိုင် ၂၉ ရက် ညနေပိုင်းက ဆိုင်ကယ်နှစ်စီးဖြင့် သယ်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံးများ သိမ်းဆည်းရမိခဲ့ကြောင်း ------------
မိန်းကလေးတစ်ဦးအား အဓမ္မပြည့်တန်ဆာခိုင်းစေခဲ့သူအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်တစ်သက်နှင့် အားပေးကူညီသူများအား ထောင်ဒဏ် (၁၀)နှစ်စီချမှတ်
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်နေ မိန်းကလေးငယ်တစ်ဦးအား အဓမ္မပြည့် တန်ဆာအဖြစ် ခိုင်းစေခဲ့သူများအား လူကုန်ကူးမှုဖြင့် ...........
မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မူးယစ်တပ်ဖွဲ့စု(၁)ဗန်းမော်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၈ ရက် မွန်းလွဲပိုင်းက မိုးမောက်မြို့နယ်၊ ကျောက်စခန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် .........
အမှတ် ၂ တက္ကသိုလ် လေ့ကျင့်ရေးတပ် အတွင်းရှိ ဝန်ထမ်းလိုင်းခန်းတွင် လျှပ်စစ်မီးသီးခေါင်း အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်
မန္တလေးမြို့ အမှတ် ၂ တက္ကသိုလ် လေ့ကျင့်ရေးတပ် အတွင်းရှိ ဝန်ထမ်းလိုင်းခန်းတွင် လျှပ်စစ်မီးသီးခေါင်း အပူလွန်ကဲရာမှ မီးလောင်မှု အခုလ ၂၈ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း မန္တလေးခရိုင်မီးသတ်တပ်ဖွဲ့မှ သိရသည်။ 
ဖားကန့်မြို့နယ်၌ တောင်ကမ်းပါးယံပြိုကျ၍ ကုမ္ပဏီဝန်ထမ်း ၁၅ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၃  ဦး သေဆုံးကာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ ယနေ့နံနက်ပိုင်းက ဆိပ်မူကျေးရွာအုပ်စု၊ ကရင်ချောင်ကျေးရွာအနီးရှိ စိန်လုံတောင်ကမ်းပါးယံ ပြိုကျခဲ့မှုကြောင့် ကုမ္ပဏီဝန်ထမ်း ၁၅ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ရဲတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ကသာမြို့နယ် ဧရာဝတီမြစ်အတွင်းမှ တရားမဝင်ကညင်သစ် (၁၁၃ ဒသမ ၃၀၂) တန် ဖမ်းမိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ အထက်ဝဲကြီးကျေးရွာအနီး၊ ဧရာဝတီမြစ်အတွင်းမှ တရားမဝင် ကညင်သစ်လုံးများ ဖမ်းမိခဲ့ကြောင်း သိရသည်။
မြိတ်မြို့နယ်တွင် တန်ဖိုးငွေကျပ် သိန်း ၅၄၅၀ ရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၂၇ ဇူလိုင်