မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်က ဘုန်းမြင့်ကျော် (ခ) အားတီအား  ဆုကြေးငွေ ကျပ် (၁၅) သိန်း ချီးမြှင့်

မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချောင်ရန် (Chao Yang) မြို့၌ ဧပြီ ၁၈ ရက်မှ စတင်ကျင်းပလျက်ရှိသော Chinese 8 Ball ပြိုင်ပွဲကြီးတွင် နှစ်ပွဲ ဆက်တိုက် အနိုင်ရရှိခဲ့သော မြန်မာ့လက်ရွေးစင် ပူးလ်ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီအား နိုင်ပွဲများရရှိခဲ့သည့်အတွက် ဂုဏ်ပြုဆုငွေ ကျပ် ၁၅သိန်း (အမေရိကန်ဒေါ်လာ ၁၀၀၀) နှင့် ဝမ်းမြောက်ဂုဏ်ပြုလွှာ ပေးပို့ချီးမြှင့်ခဲ့ကြောင်း သိရသည်။
လာအိုတွင် ဂိုးနည်းပြအဖြစ် ဆောင်ရွက်နေသည့် ဦးနေလှိုင် လက်ရွေးစင်အသင်းအပြင် လူငယ်လက်ရွေးစင်အသင်းများကိုပါ တာဝန်ယူရမည်
လာအိုဘောလုံးအဖွဲ့ချုပ်၏ ကမ်းလှမ်းမှုကိုလက်ခံပြီး လာအိုနိုင်ငံ၌ ဂိုးနည်းပြအဖြစ် ဆောင်ရွက်နေသည့် မြန်မာလူငယ် ဂိုးသမားဦးနေလှိုင်သည် လာအိုလက်ရွေးစင်အသင်းအပြင် လူငယ်လက်ရွေးစင်အသင်းများကိုပါ တာဝန်ယူရမည်ဖြစ်သည်။
Chinese 8 Ball ပြိုင်ပွဲ ပွဲဦးထွက်ပွဲစဉ်၌ မြန်မာ့လက်ရွေးစင် ပူးလ်ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီ  ကမ္ဘာ့ချန်ပီယံဟောင်း ပြိုင်ဘက်ကို အနိုင်ရ

နှစ်ကုန်ပိုင်းတွင် ယှဉ်ပြိုင်ရမည့် နိုင်ငံတကာဘောလုံးပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်မည်
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် နှစ်ကုန်ပိုင်းတွင် ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး လက်ရွေးစင်အသင်းအားလုံးအတွက် ဆောင်ရွက်သွားမည်ဖြစ်သည်။
အင်တာမီလန်တိုက်စစ်မှူး မာတီနက်ဇ်ကို ခေါ်ယူဖို့ ပေါင် ၉၇ သန်းပေးရန် ဘာစီလိုနာအသင်း အခက်ကြုံနေ

အီတလီစီးရီးအေ ပွဲစဉ်များ မကြာမီစတင်နိုင်တော့မည်