လူထုအခြေပြုဗဟိုဌာန (စာကြည့်တိုက်) များသို့ စာအုပ်များ ပေးပို့လှူဒါန်းလိုပါက မြန်မာ့စာတိုက်လုပ်ငန်းရှိ စာတိုက်များတွင် (အခမဲ့) ပေးပို့နိုင်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနား တက်ရောက်
ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်ထွန်းဝင်း၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးကြီး သန်းနိုင်ညွှန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မကွေးတပ်နယ်အသီးသီးမှ အရာရှိစစ်သည်များ၊ မကွေးလေတပ်စခန်း ဌာနချုပ်မှ တာဝန်ရှိသူများ၊ အခြေခံလေကြောင်းလူငယ်သင်တန်း တက်ရောက်မည့် သင်တန်းသား သင်တန်းသူများနှင့် သင်တန်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
သင်္ကြန်အပြီးကာလတွင် မန္တလေးဈေးကွက်အတွင်း ပြည်ပပို့ကုန် ပဲအမျိုးအစားများ အရောင်းအဝယ်‌ကောင်းနေ
သင်္ကြန်အပြီးကာလ နှစ်သစ်အခါသမယတွင် မန္တလေးပဲဈေးကွက်၌ ပြည်ပပို့ကုန် ပဲအမျိုးအစားများ အရောင်းအဝယ်‌ကောင်းလျက်ရှိကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။
သရက်ချောင်းမြို့နယ်၌ ပေါ်ဦးပေါ်ဖျား ရာသီပေါ်ဒူးရင်းသီးများ ဈေးကောင်းရရှိ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ဥယျာဉ်ခြံလုပ်ကိုင်သူများသည် နှစ်ရှည်ပင်များနှင့် ရာသီပေါ်သီးနှံပင်များ စိုက်ပျိုးကြပြီး ယခုအချိန်ကာလတွင် ပေါ်ဦးပေါ်ဖျား ရာသီပေါ်ဒူးရင်းသီးများ စတင်ပေါ်ထွက်ချိန်ဖြစ်၍ တောင်သူများအနေဖြင့် ဒူးရင်းသီးများ ရောင်းချကြရာ ယခင်နှစ်ထက် ဈေးကောင်းရရှိသဖြင့် တောင်သူများ‌၏ မိသားစုစားဝတ်နေရေးအတွက် ပိုမိုဆင်ပြေလျက်ရှိကြောင်း ဒူးရင်းသီးရောင်းချသည့် တောင်သူ ဒေါ်တင်နုထံမှ သိရသည်။
ချောင်းသာမြို့၌ နှစ်ဦးဓမ္မပူဇာသဘင်ပွဲ ဆင်ယင်ကျင်းပမည်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ကွန်ရက်ဝင် ချောင်းသာမြို့အခြေစိုက် ဓမ္မပါလပရဟိတအသင်းနှင့် ချောင်းသာမြို့ ပရဟိတအဖွဲ့များမှ ကြီးမှူးကျင်းပသော နှစ်ဦးဓမ္မပူဇာသဘင်ပွဲကို ယနေ့ ဧပြီ ၂၂ ရက်မှ စတင်၍ အမှတ်(၃)ရပ်ကွက်၊ ငြိမ်းချမ်းအောင်မြေကျောင်းတိုက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများတွင် စာသင်ကြားနေခြင်းအား လိုက်လံကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့သည် ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်နေသော စာသင်ဝိုင်းများတွင် စာသင်ကြားနေမှုကို ယနေ့နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ စာသင်ဝိုင်းများသို့ လိုက်လံကြည့်ရှုအားပေးခဲ့​သည်။