စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ထံ COVID-19 ရောဂါကာကွယ်ဆေး ဝယ်ယူရန် အလှူငွေ   ပေးအပ်လှူဒါန်း

မုံရွာ၊ ၂၆  ဇန်နဝါရီ 

ရှားတောမြို့၌ တိုင်းရင်းဆေးဆိုင်ရာ နှင်းခူရောဂါ ပညာပေးဆွေးနွေးပွဲ(Talk Show) ကျင်းပ

ချောင်းဆုံမြို့ပေါ် ဈေးများနှင့် ဆေးဆိုင်များတွင် သတ်မှတ်စံမညီသည့် ဆေးဝါးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသည့် ဆေးဝါးများ ဈေးဆိုင်များတွင် ရောင်းချမှု မရှိစေရေး ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနက  ချောင်းဆုံမြို့ အမှတ်(၁)ဈေးနှင့် မြို့ပေါ်ရှိ ဆေးဆိုင်များအား ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက စံချိန်စံညွှန်းနှင့် မညီသည့် ဆေးဝါးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့တွင် မှတ်ပုံတင်ထားခြင်းမရှိသော တရုတ်တိုင်းရင်းဆေး LianhuaqingwenJiaonang ရောင်းချခြင်းရှိမရှိ ရှောင်တခင်စစ်ဆေး
ပဲးခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း အဖွဲ့သည် တိုင်းရင်းဆေးနှင့် အိမ်သုံးဆေးဝါးများ ရောင်းချလျက်ရှိသော ဆေးဆိုင်များတွင် မှတ်ပုံတင်ထား ခြင်းမရှိသော တရုတ်တိုင်းရင်းဆေး LianhuaqingwenJiaonang ရောင်းချခြင်းရှိမရှိ ရှောင်တခင် စစ်ဆေးခြင်းကို ဇန်နဝါရီလ ၂၆ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။