လားရှိုးမူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတွင် အမျိုးသမီးများသင်တန်း အတွက် အမေရိကန်အစိုးရကလှူဒါန်းသော အထောက်အကူပြုပစ္စည်းများ လက်ခံရရှိ
လားရှိုးမူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတွင်ဖွင့်လှစ်မည့် အမျိုးသမီးများ ပြန်လည်ထူထောင်ရေးသင်တန်းအတွက် လိုအပ်သော အထောက်အကူပြု ပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်း၌ အဆိုပါ ဝန်ကြီးဌာနတွင် Virtual Meeting ဖြင့် ကျင်းပသည်။