ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် FDI Hotels Committee Chairman Mr. Suki Singh နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် FDI Hotels Committee Chairman Mr. Suki Singh နှင့် အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆန်းဟွာအား လက်ခံတွေ့ဆုံ

ILO Convention - 138 (အငယ်ဆုံးအသက်ပြဋ္ဌာန်းချက်)ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) တို့ပူးပေါင်း၍ Video Conference ဖြင့် ကျင်းပပြုသည့် ILO Convention - 138 (အငယ်ဆုံးအသက်ပြဋ္ဌာန်းချက်) ဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြန်မာ့မီဒီယာအရွေ့အပေါ် သုံးသပ်ဆွေးနွေးခြင်း အခမ်းအနားကျင်းပ
မြန်မာ့မီဒီယာအရွေ့အပေါ်  သုံးသပ်ဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
လောက်ကိုင်မြို့နယ်၌ တောင်ပြိုကျမှုကြောင့် ယာဉ် ၃ စီးပျက်စီးပြီး ၂ ဦးဒဏ်ရာရ
ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုင်း-လောက်ကိုင်ကားလမ်း “တောင်ညီနောင်” စစ်ဆေးရေးဂိတ်အနီး၌ ဇူလိုင် ၂၉ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်က တောင်ပြိုကျမှုကြောင့် မော်တော်ယာဉ် ၃ စီးပျက်စီးပြီး အမျိုးသား ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အားကစားပစ္စည်းများ၊ သိပ္ပံလက်တွေ့ခန်းသုံးပစ္စည်းများနှင့် သုံးထပ်ကျောင်းဆောင်သစ် လှူဒါန်းခြင်းအခမ်းအနား ကျင်းပ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသော အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လူမှုရေးတာဝန်သိမှုအစီအစဉ်မှ အခြေခံပညာ အထက်တန်းကျောင်းများတွင် အသုံးပြုရန်အတွက် အားကစားပစ္စည်း၊ သိပ္ပံလက်တွေ့ခန်းသုံးပစ္စည်းများနှင့် သုံးထပ်ကျောင်းဆောင်သစ် လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး သတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။
မိုးရွာသွန်းမှုကြောင့်  မိုးကုတ်တွင် နေအိမ်ပျက်စီးပြီး တံတိုင်းပြိုကျမှုဖြစ်ပွား
ပြင်ဦးလွင်ခရိုင် ၊ မိုးကုတ်မြို့တွင် အခုလ ၂၉ ရက်က မိုးရွာသွန်းမှုကြောင့်  နေအိမ်ပျက် စီးခြင်းနှင့် တံတိုင်းပြိုကျမှု တို့ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(မိုးကုတ်) မှ   သိရသည်။