ဖားကန့်၌ မြေစာပုံနှစ်နေရာပြိုကျ၍ ဘက်ဟိုးနှစ်စီးနှင့် လူတစ်ဦးပျောက်ဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ကောင်ဆန်ကျေးရွာအနီးရှိ ကျောက်မျက်တူးဖော်ရေးလုပ်ကွက်၌ ဇန်နဝါရီ ၁၈ ရက် ညပိုင်းက မြေစာပုံနှစ်နေရာပြိုကျခဲ့၍ ဘက်ဟိုးနှစ်စီးနှင့် လူတစ်ဦးပျောက်ဆုံးနေကြောင်း ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဖာပွန်ခရိုင်ကလေးစာပေပွဲတော်တွင် ဖာပွန်ခရိုင်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ၊ လာရောက်လေ့လာသူများဖြင့် စည်ကားနေ
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဖာပွန်ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကလေးစာပေပွဲတော် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို ဇန်နဝါရီ ၁၈ ရက် နံနက် ၈ နာရီခွဲက ဖာပွန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။