ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးကျင်းပ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲ ပြည်ထောင်စုလွှတ်တော် D ဆောင်၊ ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုပေးမှုအခြေအနေ
ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ်( ၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထား လာပါက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီစိစစ်၍  လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေး လျက်ရှိ
အလုပ်အကိုင် အခွင့်အလမ်းနှင့် ပတ်သက်သော သတင်းအချက်အလက်များ လက်လမ်းမှီ လာနိုင်စေရေး ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပ
ကမ္မမြို့ လူငယ်ဖွံ့ဖြိုးရေးအဖွဲ့က ဦးစီးကျင်းပသော အလုပ်အကိုင်အခွင့်အလမ်းနှင့်ပတ်သက်သော သတင်း အချက်အလက်များ လက်လမ်းမှီလာနိုင်စေရေး ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကိုနိုဝင်ဘာ ၂၀ရက်၊ နံနက်၉နာရီ က ပခုက္ကူမြို့နယ် ကမ္မမြို့ ရိုးပင်းရိုးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပ
မန္တလေးမြို့တွင်ကျင်းပမည့် မြန်မာ-ထိုင်းချစ်ကြည်ရေး သံဃာအပါး ၃၀ဝ၀ဝ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ တွင် ဓါတ်ပုံပြိုင်ပွဲကျင်းပမည်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍  မြန်မာ-ထိုင်း ချစ်ကြည်ရေး သံဃာအပါး (၃၀ဝ၀ဝ) ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ဒီဇင်ဘာလ(၈)ရက်နေ့တွင် မန္တလေးမြို့တွင် ကျင်းပသွားမည်ဖြစ်ရာ မှတ်တမ်းဓါတ်ပုံ ကောင်းများ ရရှိရေး အတွက် ဖိတ်ခေါ်ဓါတ်ပုံပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း ဆွမ်းလောင်းပွဲ ဖြစ်မြောက်ရေး  သတင်းနှင့်ပြန်ကြားရေး မီဒီယာနှင့်အသံပိုင်းဆိုင်ရာ ဆပ်ကော်မတီ ထံမှ သိရ
ဒေသနှင့် ကိုက်ညီသော သက်လျင်စပါးမျိုးများအား တောင်သူများပူးပေါင်းပါဝင် မျိုးရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲနှင့် စားသုံးမှုအရည်အသွေးစစ်ဆေးမှုလက်တွေ့ဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် ဒေသနှင့်ကိုက်ညီသော သက်လျင် စပါးမျိုးများအား တောင်သူများပူးပေါင်းပါဝင် မျိုးရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲနှင့် စားသုံးမှု အရည်အသွေး စစ်ဆေးမှုလက်တွေ့ဆောင်ရွက်ခြင်းကို နိုဝင်ဘာ ၂၀ ရက်နေ့ နံနက် ၉ နာရီက မြောက်ယမား ဆည်ရေသောက်ဒေသ ငါးမောင်းစိုက်ပျိုးရေးသုတေသနစိုက်ကွင်း၌ ပြုလုပ် ကြောင်း သိရ
ပျဉ်းမနားမြို့နယ်၌ ကျေးလက်နေပြည်သူများ သောက်သုံးရေရရှိနိုင်ရေးအတွက် ကျေးလက်ရေပေးရေး အချက်အလက်များ(MIS)စနစ်ဖြင့် အချက်အလက်များအား ကောက်ယူလျက်ရှိ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်းမှ မြို့နယ် အတွင်း သောက်သုံးရေမရရှိသေး သည့် ကျေးရွာများအား သန့်ရှင်းသော သောက်သုံးရေ ရရှိနိုင်ရေးအတွက်  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဉီးစီးဌာန ဉီးစီးမှူးနှင့် တာဝန်ရှိ သူများသည် ကျေးလက်ပေးရေးအချက်အလက်များ(MIS)စနစ်ဖြင့်  မြေပြင်ရှိ အချက်အလက်များ ကောက်ယူခြင်းကို ယနေ့၊ နံနက်ပိုင်းတွင် ဇီးဖြူပင်ကျေးရွာအုပ်စု၊ သစ်စိမ့်ပင်ကျေးရွာတွင် အဆိုပါ ကျေးရွာ၏ အချက်အလက်များအား ကောက်ယူလျက်ရှိကြောင်း သိရ
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အခမ်းအနား ဟားခါးမြို့၌ ကျင်းပ
၂၀၁၉ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျရောက်သည့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဟားခါးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပ ပြုလုပ်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးဝန်ကြီးဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ် ဥပဒေချုပ် ဦးဆန်နီထန်ကျုံး၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးလာလ်တင်မန်းနှင့် ပြည်နယ်၊ခရိုင်၊ မြို့နယ် အဆင့်ဌာန ဆိုင်ရာများ၊ UNICEFမှ (ချင်းပြည်နယ်တာဝန်ခံ) ဦးကျင်ခက်ထန်နှင့် ဝန်ထမ်း များ၊ အရပ်ဖက် အဖွဲ့အစည်းအသီးသီးတို့မှ ဖိတ်ကြားထားသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ များနှင့် ဆုရကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြ