ဓနုဖြူမြို့ ကျက်သရေဆောင် သမိုင်းဝင် ကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီး၏ (၁၄၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ

ယနေ့ သီတင်းကျွတ်လဆန်း (၁၃)ရက်နေ့တွင် အစဉ်အလာမပျက် မင်းပိုင်း၊ စိန်၊ ဗန္ဓုလနှင့် အနောက်ပိုင်း သံဃာ့ဒါန ဆွမ်းလောင်းအသင်း (၄)သင်း တို့မှ အသင်းသူ/အသင်းသားများက မင်္ဂလာစည်တော်၊ အတီးအမှုတ် အကအလှများဖြင့် မုန့်ပွဲလှည့်လည်ကြရာ မြို့တွင်းနှင့် ကျိုက္ကလွန်းဘုရားအနီး ကြည့်ရှုသူများနှင့် စည်ကားလျက်ရှိသည်။
ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိုင်းရင်းသားရေးရာနှင့်ဘာသာရေးရာကော်မရှင် ဒုတိယစစ်ဆေးရေးမှူး Mr. YU Fei ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  နိုင်သက်လွင် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိုင်းရင်းသားရေးရာနှင့် ဘာသာ ရေးရာကော်မရှင် ဒုတိယစစ်ဆေးရေးမှူး  Mr. YU Fei   ဦးဆောင်သည့် အဖွဲ့ဝင် ၆ ဦးပါ ကိုယ်စားလှယ် အဖွဲ့အား  ယနေ့ နံနက် ဝ၈:၃၀ နာရီအချိန်၌ နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံသည်။
ပိုင်ကျုံမြို့ အနှိုင်းမဲ့ ဆုပန်ပြည့် ရွှေတိဂုံပုံတူဘုရား၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့ အနှိုင်းမဲ့ဆုပန်ပြည့် ရွှေတိဂုံပုံတူဘုရား၌ နံနက်(ဝ၇းဝဝ)အချိန်တွင် သီတင်းကျွတ် လပြည့် နေ့ ဆီမီးတစ်ထောင်မီးထွန်းပွဲ စည်ကားသိုက်မြိုက်စွာ ထွန်းလင်းကျင်းပနိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်တွင် ကျောင်းပြင်ပမူလတန်းပညာရေးလုပ်ငန်းဖွင့်ပွဲကျင်းပ
ထို့နောက် ကျောင်းပြင်ပမူလတန်းပညာရေး လုပ်ငန်းများအတွက် အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်သည်။
ယင်းမာပင်ခရိုင်အတွင်း ရေလျှံဇုန်ကြီးရေရှည်တည်တံ့ရေး လုပ်ဆောင်နိုင်ရန် ပထမအဆင့်စစ်တမ်း ကောက်ယူ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်၊ ပုလဲနှင့်ဆားလင်းကြီးမြို့နယ်အတွင်းရှိ ရေလွံ်ဇုန္ႀကီး  ရေရှည်တည်တံ့ပြီးအသုံးပြုနိုင်ရန်အတွက် နိုင်ငံခြားမှ ပညာရှင်များဖြင့် သုတေသနပြု လုပ်ဆောင်နိုင်ရန် လိုအပ်သော ကနဦးသုတေသနပြု တိုင်းတာခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း ယင်းမာပင်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်သန်း၏ ပြောကြားချက်အရသိရသည်။
ဂန့်ဂေါပြန်ဆက်တွင် စာဖတ်ဝိုင်းပြုလုပ်
ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အောက်တိုဘာ ၁၀ ရက် နေ့လယ်၂ နာရီက စာဖတ်ဝိုင်းပြုလုပ်ရာ မြောက်ကုန်း အလက မှ ကျောင်းသား၊ ကျောင်းသူ ၄၅ ဦးတက်ရောက်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့် က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။