ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေး ဦးစီးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
ထာဝရငြိမ်းချမ်းရေးစေတီတော် အထက်ဌာပနာတော်သွင်းမဟာမင်္ဂလာ၊ ရွှေထီးတော်တင် မဟာမင်္ဂလာနှင့် မြသပိတ်၊ ရွှေကြာသင်္ကန်းတော်ကပ်နှင့် ဗုဒ္ဓါဘိသေကအနေ ကဇာတင်မဟာ မင်္ဂလာအခမ်းအနားများ ကျင်းပနိုင်ရေးအတွက် ထာဝရငြိမ်းချမ်းရေးစေတီ တော်တည်ထားကိုးကွယ်ရေး ဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
မြန်မာနိုင်ငံ ပန်းဝါသနာရှင်အသင်း၏ ငွေရတုအထိမ်းအမှတ် အခမ်းအနားကျင်းပမည်
မြန်မာနိုင်ငံ ပန်းဝါသနာရှင်အသင်း၏ ငွေရတုအထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာ ၃၀ ရက်တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်အတွင်းရှိ အသင်းခန်းမ၌ကျင်းပရန် ------
တစ်နှစ်ကြာမြင့်ပြီး နိုင်ငံတကာအဆင့်မီ ဘာသာရပ်များ သင်ကြားပို့ချပေးမည့် ပညာရေးစီမံခန့်ခွဲမှုဒီပလိုမာ ဘွဲ့လွန်သင်တန်း နေပြည်တော်တွင်ဖွင့်လှစ်
ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ အရာထမ်းများအတွက် ပညာရေးစီမံခန့်ခွဲမှု ဒီပလိုမာဘွဲ့လွန်သင်တန်း (Postgraduate Diploma in Education Management - DEM) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သီတင်းကျွတ်ကာလ လက်မှတ်ခ ပုံမှန်ဈေးနှုန်းဖြစ်စေရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး ကြိုတင်အသိပေး ဆောင်ရွက်ထား
၂၀၁၉ ခုနှစ် သီတင်းကျွတ် ရုံးပိတ်ရက်ဖြစ်သော အောက်တိုဘာ(၁၁) ရက်မှ(၁၅) ရက်ထိ(၅)ရက်တာ ပိတ်ရက်တွင် အများပြည်သူ ခရီးသွားလာရာ၌ ယာဉ်စီးခများကို တိုးမြှင့်ကောက်ခံခြင်းမရှိဘဲ မူလသတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရန်နှင့် အဝေးပြေးယာဉ်ရပ်နားစခန်းများမှ ယာဉ်လိုင်းများ ကို အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်သွားလာလျက် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာနိုင်ရန် အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားဝန်းရှိ YRTA မှ အသိပေးထားပြီးဖြစ်ကြောင်း သိရသည်။
သီတင်းကျွတ်ကာလ ဇာတိမြေအသီးသီးသို့ ပြန်ကြသည့် ဝန်ထမ်းများနှင့် ပြည်သူများ စည်ကားလျက်ရှိ

မြစိမ်းရောင် ကျေးရွာစီမံကိန်း ဆောင်ရွက်မည့်ကျေးရွာများ ရွေးချယ်ပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲခြင်း စီမံကိန်းနှင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း ဆောင်ရွက်မည့် ကျေးရွာများ ရွေးချယ်ခြင်းပွဲ အခမ်းအနားကို အောက်တိုဘာ ၁၀ ရက် နံနက်၁၀နာရီက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။