မြန်မာအသင်းယှဉ်ပြိုင်မည့် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ ပွဲစဉ်ဇယား ထွက်ပေါ်

မြန်မာ့လက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ ပွဲစဉ် ဇယား ထွက်ပေါ်လာပြီဖြစ်သည်။
ဆူဇူကီးပြိုင်ပွဲကျင်းပမည့်  စင်ကာပူနိုင်ငံသို့  မြန်မာ့လက်ရွေးစင်အသင်း  ငါးရက်ကြိုတင် သွားရောက်မည်
မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ ကျင်းပမည့် စင်ကာပူနိုင်ငံသို့ ငါးရက်ကြိုတင် သွားရောက်မည်ဖြစ်သည်။
မန်ယူအသင်းနည်းပြရာထူးကို  စိတ်မဝင်စားဟု  ဇီဒန်း  ပြောကြား
မန်ယူအသင်းက လစ်လပ်သွားတဲ့ နည်းပြရာထူးအတွက် ရီးယဲလ်မက်ဒရစ်အသင်း နည်းပြဟောင်း ဇီဒန်းကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပေမယ့် နည်းပြဇီဒန်းကတော့ မန်ယူအသင်းနည်းပြရာထူးကို စိတ်မဝင်စားဘူးလို့ ဒီနေ့ ဘီဘီစီအားကစားသတင်းတစ်ရပ်က ဖော်ပြထားပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် အမျိုးသား အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကိုးသိန်း အားကစားခန်းမ၌ နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် အမျိုးသား အမျိုး သမီး ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား  မြို့နယ်ပေါင်းစုံ  ပိုက်ကျော်ခြင်းပြိုင်ပွဲစတင်
တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကို နိုဝင်ဘာ ၂၂ ရက် နံနက် ၉ နာရီက ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစားခန်းမ၌ ကျင်းပသည်။
ATP Finals ပြိုင်ပွဲလက်ရှိချန်ပီယံ မက်ဗီဒက်ဗ်ကို အနိုင်ယူပြီး ဖလားဆွတ်ခူးနိုင်ခဲ့သည့် ဇီဗာရက်ဖ်
ဂျာမနီတင်းနစ်ကစားသမား အလက်ဇန္ဒာ ဇီဗာရက်ဗ်သည် အမျိုးသားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲ ATP Finals ဗိုလ်လုပွဲတွင် ကမ္ဘာ့အဆင့် (၂) ရှိ ရုရှားနိုင်ငံသား မက်ဗီဒက်ဗ်ကို နှစ်နှစ်အတွင်း  ပထမဆုံး အကြိမ် အနိုင်ယူကာ ဒုတိယအကြိမ်မြောက်အဖြစ် ATP Finals ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာဖူဆယ်အသင်းများ အချိန်ယူလေ့ကျင့်ပြင်ဆင်မည်
 မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းများသည် လာမည့် (၃၁) ကြိမ်မြောက် ဗီယက်နမ်ဆီးဂိမ်း ပြိုင်ပွဲအတွက် အချိန်ယူလေ့ကျင့်ပြင်ဆင်သွားမည် ဖြစ်သည်။