By AUGUSTIN

 

PROVERBS are crucial to understanding and preserving a culture because they reflect shared values, beliefs, and wisdom passed down through generations.

 

ကရုဏာ လဟုနာဖြစ်

Compassion Can Lead to Nothing

ဒီစကားက “သနားလွန်းရင် အကျိုးမရှိဘဲ အလဟဿ ဖြစ်တတ်တယ်” လို့ ဆိုလိုတာပါ။

ရှင်းရှင်းပြောရရင် သူများကို သနားတာ၊ ကူညီချင်တာ ကောင်းပါတယ်။ ဒါပေမဲ့ အခြေအနေကို သေချာမစဉ်းစားဘဲ သနားစိတ်တစ်ခုတည်းနဲ့ ကူညီလိုက်ရင် ကိုယ်ရည်ရွယ်ထား တဲ့ ရလဒ်ကောင်းတွေမရဘဲ အချိ န်ကုန် လူပန်း၊ အချည်းနှီး ဖြစ်သွားနိုင်တယ်ပေါ့။

ဘာကို ဆိုလိုတာလဲ

 

• သနားစိတ်နဲ့ ကူညီတဲ့အခါမှာ ဉာဏ်နဲ့ယှဉ်ပြီး လုပ်ဖို့လို တယ်။

• မဆင်မခြင် ကူညီရင် အကျိုးမဖြစ်တဲ့အပြင် ဆိုးကျိုးတွေတောင် ဖြစ်လာနိုင်တယ်။

• ကရုဏာ: သနားခြင်း၊ စာနာခြင်း။

• လဟုနာ: မလေးနက်ခြင်း၊ အကျိုးမရှိခြင်း၊ အလဟဿဖြစ် ခြင်း။

ဒီစကားနဲ့ ဆင်တူတဲ့ နောက်ထပ် ဆိုရိုးစကားတစ်ခု ကတော့ “ကရုဏာရှေ့ထား ဉာဏ်ပညာနောက်ထား” ပါပဲ။ ဒါကတော့ သနားစိတ်ကို ဦးစားပေးသင့်ပေမဲ့ ဉာဏ်ပညာကို လည်း လျစ်လျူမရှုဘဲ ထည့်စဉ်းစားရမယ်လို့ ဆိုလိုတာပါ။

 

This saying means: “Too much pity can be use­less and lead to nothing.”

Simply put, it’s good to feel compassion and want to help others. But if you don’t think carefully about the situation and just act out of pity, you might not get the good results you intended. Instead, your efforts could be wasted, costing you time and energy for nothing.

 

When you help with compassion, you need to use your wisdom too.

 

If you help without thinking, it might not only be ineffective but could even cause harm.

• Karuna (ကရုဏာ): Compassion, sympathy, pity.

 

USAGES:

1. Kill with kindness

Meaning: To be so kind or helpful to someone that you annoy them, make them feel guilty, or prevent them from becoming independent. It implies that too much kindness can have a negative or overwhelming effect.

Example: “My aunt constantly brings me food and cleans my apartment. She’s really killing me with kindness; I just want to do things myself.”

2. Lend a hand (but with a cautionary note)

Meaning: To help someone. While generally positive, in contexts similar to “too much pity,” it could imply helping without prop­er assessment leading to dependency or unintended outcomes if not balanced with judgment.

Example: “I’m happy to lend a hand with the project, but we need to make sure we’re not just doing all the work for them, otherwise they’ll never learn.” (Here, the caution is added to fit the theme.)

 

3. Be too soft on someone/something

Meaning: To be too lenient, gentle, or for­giving with someone or something, often to a fault, allowing them to get away with bad behaviour or not achieve their full potential.

Example: “The coach was too soft on the team, and as a result, their performance hasn’t improved much this season.”

 

မကံဘဲလည်း ဖြစ်တတ်၏။ ကံလျက်လည်း ပျက်စီးတတ်၏

 

The Unpredictable Ride of Life!

“ကိုယ်က ကြိုးစားပြီး စီစဉ်ထားပေမဲ့ အဆင်မပြေတာမျိုး၊ ဒါမှ မဟုတ် ဘာမှမလုပ်ဘဲနဲ့တောင် ကံကောင်းထောက်မ စွာ အောင်မြင်သွားတာမျိုး ဖြစ်တတ်တယ်” လို့ ဆိုလို တာပါ။

 

• မကြံဘဲလည်း ဖြစ်တတ်၏။

ကိုယ်က ဘာမှ အစီအစဉ် မရှိဘဲ၊ ကြိုးစားအားထုတ် မှု မရှိဘဲနဲ့တောင် ကံကောင်းပြီး အောင်မြင်သွားတာ၊ အဆင်ပြေသွားတာမျိုး ဖြစ်တတ်တယ်။

 

o တစ်ခါတလေကျ ကိုယ်မျှော်လင့်မထားဘဲ အမှတ်မ ထင် အခွင့်အရေးတွေရလာတာ၊ ကိစ္စတွေပြေလည် သွားတာမျိုးပေါ့။

• ကြံလျက်လည်း ပျက်စီးတတ်၏။

 

ကိုယ်ကတော့ သေသေချာချာ စီစဉ်ပြီး ကြိုးစားထား ပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေဘဲ ပျက်စီးသွားတာ၊ မအောင်မြင်တာမျိုး ဖြစ်တတ် တယ်။

 

ဘယ်လောက်ပဲ ကြိုးစားကြံစည်ပါစေ၊ ကံမပါရင် ဒါမှ မဟုတ် ပြင်ပအကြောင်းအရာတွေကြောင့် အစီအစဉ် တွေပျက်သွားတာမျိုးပေါ့။

 

လူ့ဘဝမှာ အရာရာတိုင်းက ကိုယ့်ဆန္ဒအတိုင်း ဖြစ်မလာ တတ်ဘူး။ တစ်ခါတလေကြိုးစားအားထုတ်မှု မရှိဘဲနဲ့တောင် ကံကောင်းသွားတတ်သလို၊ ဘယ်လောက်ပဲ ကြိုးစားကြံစည်ပါ စေအကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ဘဲ ပျက်စီးသွား တတ်တာမျိုးလည်း ရှိတယ် ဆိုတာကို ဒီစကားက ဖော်ပြတာ ပါပဲ။ ဒါဟာ လောကဓမ္မတာရဲ့ သဘောကို ရိုးရိုးလေး သုံးသပ် ပြထားတာပါ။

 

ဒီစကားက “မကြံလည်း ဖြစ်၊ ကြံလည်း နစ်” ဆိုတဲ့ မြန်မာ စကားပုံနဲ့လည်း အဓိပ္ပာယ်တူပါတယ်။ ပါဠိလိုကတော့ “အစိန္ တိတမ္ပိ ဘဝတိ၊ စိန္တိတမ္ပိ ဝိနဿတိ” လို့ ခေါ်ပါတယ်။

 

This Myanmar saying, “မကြံဘဲလည်း ဖြစ်တတ်၏။ ကြံလျက်လည်း ပျက်စီးတတ်၏။” (literally: Things hap­pen without planning; things fail despite planning) means that sometimes, things work out even without effort, while other times, despite careful plans, they can still go wrong.

 

It highlights that in life, not everything goes as we wish. We might get lucky breaks without trying, or our best-laid plans might fall apart due to un­foreseen circumstances or bad luck. This proverb simply reflects the unpredictable nature of life and destiny. It’s similar to the saying, “Man proposes, God disposes.”

 

USAGES:

1. A roll of the dice.

Meaning: This describes a situation where the outcome is uncertain and largely depend­ent on chance, like rolling dice in a game. It implies that despite any preparation, the result is unpredictable.

Example: “Launching a new product in such a volatile market is truly a roll of the dice; you never know what will happen.”

 

2. Hit or miss.

Meaning: Something that is “hit or miss” is either successful or unsuccessful, with no consistent pattern. The outcome is uncertain and unreliable, often despite intentions.

 

Example: “His attempts at baking are always hit or miss; sometimes they’re delicious, other times they’re inedible.”

 

3. Against all odds.

 

Meaning: This describes a situation where something happens or succeeds despite very little chance of it happening. It refers to an unlikely positive outcome occurring even when circumstances are highly unfavoura­ble.

 

Example: “Everyone expected their small business to fail, but they managed to succeed against all odds.”

 

မလုပ် မရှုပ် မပြုတ်

If you don’t do anything, you won’t get into trouble, and you won’t get fired.

“မလုပ် မရှုပ် မပြုတ်” ဆိုတဲ့ မြန်မာစကားပုံရဲ့ တိုက်ရိုက် အဓိပ္ပာယ်က “ဘာမှ မလုပ်ရင် ပြဿနာမတက်ဘူး၊ အလုပ် လည်း မပြုတ်ဘူး” ပေါ့။

ဒီစကားက ဘယ်သူတွေကို ရည်ညွှန်းတာလဲဆိုတော့ အစိုးရဝန်ထမ်းတွေကို အဓိကပြောတာပါ။ သူတို့က အလုပ် မှာ ပြဿနာမရှိဘဲ သက်တောင့်သက်သာဖြစ်ဖို့၊ အလုပ်မပြုတ် အောင် အစွန်းထွက်ပြီး ဘာမှ မလုပ်ကြတော့ဘူး။

 

ဒါပေမဲ့ အဲဒါနဲ့ ဆန့်ကျင်ဘက်အနေနဲ့ ပုဂ္ဂလိကကုမ္ပဏီ တချို့ကျတော့ “အောက်ခြေကနေစနစ်တကျ စီမံခန့်ခွဲတဲ့ပုံစံ (bottom-up approach)” ကို သုံးပါတယ်။ ဒါက ဘာကိုဆိုလို တာလဲဆိုတော့ အပေါ်ကနေပဲ အမိန့်ပေးတာမျိုး မဟုတ်ဘဲ၊ ဝန်ထမ်းတွေရဲ့ အကြံဉာဏ်တွေနဲ့ ပါဝင်မှုတွေကို တန်ဖိုးထား ပြီး မူဝါဒတွေချမှတ်တဲ့အခါ ထည့်သွင်းစဉ်းစားပေးတာ မျိုး ကို ပြောတာဖြစ်ပါတယ်။

 

ဒီ “မလုပ် မရှုပ် မပြုတ်” ဆိုတဲ့ စကားပုံက တကယ်တော့ အလုပ်ခွင်ထဲမှာ သတိထားရမယ့် အကြောင်းအရာတစ်ခုကို ထောက်ပြနေတာပါ။

 

ဘာမှ အသစ်အဆန်း မလုပ်၊ ရှိပြီးသားအတိုင်းလေးပဲ လုပ် သွားရင် ပြဿနာမတက်၊ ရာထူးမထိ၊ အလုပ်လည်း မပြုတ် ဘူးဆိုတဲ့ အတွေးမျိုးပေါ့။ ဒါဟာ တီထွင်ဖန်တီးမှု၊ တိုးတက် ပြောင်းလဲမှုတွေကို အားမပေးဘဲ လက်ရှိအခြေအနေအတိုင်း ပဲ ဆက်ထိန်းထားချင်တဲ့ စိတ်ဓာတ်ကို ပြနေတာပါ။

ဒါပေမဲ့ ဒီလိုစိတ်ဓာတ်မျိုးက ရေရှည်မှာ ဘယ်လိုမှ အဆင် မပြေနိုင်ဘူး။ နိုင်ငံတစ်နိုင်ငံ၊ အဖွဲ့အစည်းတစ်ခု တိုးတက်ဖို့ ဆိုရင် အပြောင်းအလဲတွေလုပ်ရဲတဲ့ သတ္တိ၊ တာဝန်ယူရဲတဲ့ စိတ်ဓာတ်တွေလိုပါတယ်။ လူတွေက “မလုပ် မရှုပ် မပြုတ်” ဆိုပြီး ဘာမှ မလုပ်ကြရင် ဌာနတွေ၊ လုပ်ငန်းတွေက တန့်နေမှာပဲ။ ပြင်ပကမ္ဘာက တိုးတက်နေတာကို ကိုယ်တွေက နောက် ကျန်ခဲ့မှာပေါ့။

 

အခုခေတ်မှာတော့ ပုဂ္ဂလိကကုမ္ပဏီတွေ၊ အထူးသဖြင့် နိုင်ငံတကာကုမ္ပဏီတွေက “အောက်ခြေကနေစီမံခန့်ခွဲတဲ့ ပုံစံ (bottom-up)” ကို သုံးလာကြတာ ကောင်းတဲ့ လက္ခဏာ ပဲ။ ဝန်ထမ်းတွေရဲ့ အကြံဉာဏ်တွေကို နားထောင်ပြီး အတူတူ ဆုံးဖြတ်ကြတော့၊ ဝန်ထမ်းတွေလည်း စိတ်ပါလက်ပါ ပိုကြိုးစား ချင်လာတယ်။ လုပ်ငန်းလည်း ပိုတိုးတက်လာနိုင်တယ်။

 

ဒီတော့ “မလုပ် မရှုပ် မပြုတ်” ဆိုတဲ့ စကားပုံက ခေတ် နောက်ကျနေပြီဖြစ်တဲ့ အတွေးအခေါ်တစ်ခုလို့ ပြောလို့ရ ပါတယ်။ ဒီနေ့ခေတ်မှာတော့ လုပ်မှ ရှုပ်မယ်၊ ရှုပ်မှလည်း အတွေ့အကြုံရမယ်၊ အဲဒီကနေမှ ပိုကောင်းအောင် လုပ်နိုင် မယ် ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ရှေ့ဆက်သွားသင့်တယ်။

 

The Myanmar saying “မလုပ် မရှုပ် မပြုတ်” directly translates to “If you don’t do anything, you won’t get into trouble, and you won’t get fired.”

 

This phrase generally refers to civil servants who prefer to avoid taking the initiative to keep things simple and secure their jobs.

 

In contrast, some private companies, particu­larly international corporate cultures, use a “bot­tom-up” management approach. This means that employee ideas and participation are valued and considered when making decisions, rather than just having orders come from the top down.

 

USAGES:

1. Play it safe

Meaning: To act in a way that avoids risk or danger; to be cautious. This idiom is about choosing the less risky option to ensure secu­rity, even if it means missing out on potential gains.

• Example: “Instead of trying a bold new strat­egy, the team decided to play it safe with their existing marketing plan.”

 

2. Keep your head down

• Meaning: To avoid drawing attention to your­self, especially in a difficult or risky situation, so you don’t get into trouble. It implies staying quiet and inconspicuous to avoid being noticed.

• Example: “The company is going through some restructuring, so I’m just trying to keep my head down and focus on my work.”

 

3. Go with the flow

• Meaning: To accept a situation without trying to change it or control it; to adapt to circum­stances rather than resisting them. This can sometimes mean not taking initiative, espe­cially if it means avoiding conflict.

• Example: “I didn’t really agree with the new policy, but I decided to go with the flow rather than argue about it.”