နေပြည်တော်   ၂၁  ဇန်နဝါရီ 

    

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် အာဆီယံအင်ဂျင်နီယာအဖွဲ့ချုပ် ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဆုတံဆိပ်များပေးအပ်ပွဲ၊ အလှူရှင်များအား ဂုဏ်ပြုလွှာပေးအပ်ပွဲနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း အသင်းသားစုံညီ ညီလာခံအထိမ်းအမှတ် ညစာစားပွဲကို ဇန်နဝါရီ ၂၁ ရက် ညနေ ၆ နာရီတွင် ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည်။ 

    

အခမ်းအနားတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်၊ အာဆီယံအင်ဂျင်နီယာအဖွဲ့ချုပ် ဥက္ကဋ္ဌ Dr. HiruDewanto တို့က နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားခဲ့ကြသည်။ 

    

ယင်းနောက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဥက္ကဋ္ဌနှင့် အာဆီယံအင်ဂျင်နီယာ အဖွဲ့ချုပ် ဥက္ကဋ္ဌတို့က အာဆီယံအင်ဂျင်နီယာအဖွဲ့ချုပ် ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဆုတံဆိပ်ရရှိသူများကိုလည်းကောင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဥက္ကဋ္ဌနှင့် AER Head Commissioner တို့က အာဆီယံအင်ဂျင်နီယာမှတ်ပုံတင် လက်မှတ်ရရှိသူများကို လည်းကောင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဥက္ကဋ္ဌက မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်း ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုတံဆိပ်ရရှိသူများကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။ 

    

အခမ်းအနားတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းက ထူထောင်ဖွင့်လှစ် သွားရန်ရှိသည့် Myanmar Engineering Society (MES) Academy အတွက် အင်ဂျင်နီယာ နည်းပညာဆိုင်ရာ ပညာရပ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် မလေးရှားအင်ဂျင်နီယာအသင်း တို့အကြား နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီး MESAcademy မှ AGTI လက်မှတ်ရရှိပြီးနောက် ထိုက်သင့်သော လုပ်သက်ရှိပြီးသူများ မှတ်ပုံတင်အင်ဂျင်နီ ယာလက်မှတ် ပိုမိုလျင်မြန်စွာ ရယူနိုင်ရန် အဆင့်မြင့် သင်ကြားပို့ချမှုများနှင့် Graduate နှင့် Diploma စာမေးပွဲများကျင်းပခြင်း၊ မှတ်ပုံတင် အင်ဂျင်နီယာလက်မှတ်ရယူမည့် နည်းပညာတက္ကသိုလ်များမှ ဘွဲ့ရအင်ဂျင်နီယာများအတွက် Immediate Professional Development Program များပို့ချခြင်း၊ အင်ဂျင်နီယာနှင့် နည်းပညာအသက် မွေးဝမ်းကျောင်းဖွံ့ဖြိုးတိုးတက်ရေး အရည်အသွေးမြှင့် သင်တန်းများ ပို့ချခြင်းများဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)