စစ်တွေ ၂၁ ဇန်နဝါရီ
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုသည် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံသံအမတ်ကြီး H.E. Mr. Christian LECHERVY နှင့်အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးနေမှု၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု၊ ပြည်နယ်၏ လူမှုစီးပွားဘဝအခြေအနေနှင့် ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အထောက်အပံ့ဖြင့် ပြင်သစ်အစိုးရမဟုတ်သည့် အဖွဲ့အစည်းနှစ်ခုမှ ဆောင်ရွက်နေမှုတို့ကို ဆွေးနွေးကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)