ပုသိမ် ၂၉ နိုဝင်ဘာ
ပုသိမ်မြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမတွင်ကလေးများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရေး၊ အတွေ့အကြုံများရရှိစေရေး၊ သင်ယူလိုသည့် စိတ်များပွားများရေး စသည့်ရည်ရွယ်ချက်များဖြင့် ယနေ့နံနက်ပိုင်းက ဆေးရောင်ခြယ်၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲနှင့် ပူဖောင်းအားကစားပြိုင်ပွဲများကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူးဒေါ်မာလာဝင်း ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် စည်းကမ်း သတ်မှတ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ပြီး ပြိုင်ပွဲများအပြီးတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရှိကြသူများကို လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာလာဝင်းနှင့် တာဝန်ရှိသူများက ဆုများချီး မြှင့်ခဲ့ကြသည်။
အခမ်းအနားသို့ တိုင်းပြန်/ဆက် ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူ းဒေါ်မာလာဝင်း၊ ခရိုင်ဦးစီးအရာရှိ နှင့်ဝန်းထမ်းများ၊ အမက(စကားဝါ)၊ အမက (အကောက်ဆိပ်)တို့မှ ဆရာမများနှင့် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများ၊ ပံပိုးကူညီသည့် VITA - KID ဆေးကုမ္ပဏီမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မောင်မောင်မြင့်