ရန်ကုန် ၇ ဒီဇင်ဘာ
နည်းပညာတက္ကသိုလ် (သန်လျင်)၏ Project Show & Job Fair ကို ယနေ့နံနက် ၉ နာရီတွင် ယင်းတက္ကသိုလ်ရှိ သုံးထပ်ဆောင်၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုး၊ နည်းပညာတက္ကသိုလ် (သန်လျင်) ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီနှင့် ပါမောက္ခ/ဌာနမှူးများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြ ပြီး အစီအစဉ်အရ ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီက နှုတ်ခွန်းဆက်စကားပြောကြားပြီး ဧည့်သည်တော်များနှင့်အတူ Major ကိုးခုမှ ကျောင်းသားကျောင်းသူများ၏ Project များကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
နည်းပညာတက္ကသိုလ် (သန်လျင်)၏ Project Show & Job Fair တွင် ကုမ္ပဏီ ၁၄ ခု အပါအဝင် အလုပ်အကိုင်ပေးမည့် Job Fair Company များလည်း ပါဝင်ကြသည်။
ယနေ့ကျင်းပသည့် ပွဲသည် ကျောင်းသားကျောင်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)