နေပြည်တော် ၂၂ ဇန်နဝါရီ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် OCBC, Singapore မှ Executive Vice President, Mr. Linus Goh Ti Liang နှင့် အဖွဲ့အား ယနေ့မွန်းတည့် (၁၂)နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ကံ့ကော်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ ပြည်တွင်းဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ ပြည်တွင်းကုမ္ပဏီများအား ဘဏ်လုပ်ငန်းဝန်ဆောင်မှုပေးသည့် အခြေအနေနှင့် နယ်စပ်ဒေသ ကုန်သွယ်ရေး ငွေပေးချေမှုနှင့် စာရင်းရှင်းလင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စတို့ကို ဆွေးနွေးကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)