ရန်ကုန် ၃၀ အောက်တိုဘာ    

 

ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ဖြစ်ပွားနေချိန်ကာလတွင် နိုင်ငံရှိ လတ်တလော ပိုးတွေလူနာအများဆုံး ပြည်သူ့ဆေးရုံကြီးများသို့ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့်  အလှူငွေများကို   ဆက်လက်ပေးပို့  လှူဒါန်းလျက်ရှိရာ အောက်တိုဘာ ၂၆ ရက်က ရန်ကုန်တောင်ပိုင်းခရိုင်  ဒလမြို့နယ် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး ခုတင် (၂၅) သို့  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေ ပေးအပ်လှူဒါန်းခဲ့သည်။

 

အခမ်းအနားတွင်  ကမ္ဘောဇဘဏ် (ဒလမြို့နယ်ဘဏ်ခွဲ) တာဝန်ခံ ဦးသော်ဇေယျနှင့် ဝန်ထမ်းများက  ပိုးတွေ့လူနာများနှင့် ၎င်းတို့အား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေကြသည့်  ဝန်ထမ်းများ အတွက်  ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ရေး   ဆေးရုံသုံး Mask ၅၀၀၀၀၊ ခေါင်းစွပ် ၅၀၀၊ လက်အိတ် ၃၀၀၀၊ မျက်နှာအကာ Face Shield ၂၀၀၊ Hand Gel ဘူးကြီး ၂၀၀၊ တစ်ကိုယ်ရေသုံး PPE ဝတ်စုံ ၅၀၊ မျက်မှန် ၅၀ နှင့် ဆေးရုံကြီးအတွက် ကိုဗစ် -၁၉ ရောဂါဖြစ်ပွားနေချိန်ကာလ အထွေထွေအသုံးပြုနိုင်ရန် ငွေကျပ် ၁၀၀ သိန်းတို့ကို ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပေးအပ် လှူဒါန်းရာ ဒေါက်တာထွန်းဝင်းနှင့် ဆရာဝန်၊ သူနာပြုများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 

ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားခင် ဖေဖေါ်ဝါရီ ၂၆ ရက်မှစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအတွက်  တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်   ငွေကျပ် ၇၈,၅၀၄ သိန်း လှူဒါန်း ထားကြောင်းသိရသည်။

 

ကိုကျော်