ပုဏ္ဏားကျွန်း  ၂၈  စက်တင်ဘာ 

 နယ်စပ်ရေးရာ ဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနမှကြီးမှူး၍   ရခိုင်ပြည်နယ်အတွင်းရှိ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းပိုမိုရရှိစေရန်ရည်ရွယ်လျက် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ မော်တော်ယာဉ်စက်ပြင်တန်းဆင်းပွဲကို ယနေ့  နံနက် ၉ နာရီက ပုဏ္ဏားကျွန်းမြို့နယ်စပ်ဒေသတိုင်းရင်း
သားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း ခန်မဆောင်၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင်  ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ  ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဘုန်းဘွေက အမှာစကား ပြောကြားပြီး သင်တန်းတွင်ထူးချွန်ဆုရရှိသော ကျောင်းသားနှင့် သင်တန်းဆင်းလက်မှတ်များကို ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ရခိုင်ပြည်နယ် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်စိုး တို့ချီးမြှင့်ပေးကြသည်။

"ကျွန်တော်တို့ ဝန်ကြီးဌာနက တာဝန်ယူပြီး ဒီစက်မှုသင်တန်းကျောင်းကို  ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က စတင်ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့တာဖြစ်ပါတယ်။ ရခိုင်ဒေသ တိုင်ရင်းသားလူငယ်စုစုပေါင်း (၃၂၅) ဦးကို  မွေးထုတ်ပေးခဲ့ပြီးတော့ ဒေသအတွင်း စက်မှုလက်မှုလုပ်ငန်းများထူထောင်ရာမှာကျွမ်းကျင်လုပ် သားများ ပေါ်ထွက်လာပြီး နယ်စပ်ဒေတိုင်းရင်းသားလူမျိုးတို့ရဲ့ အကျိုးစီးပွား ကိုဖြစ်ထွန်းစေရန်  နယ်စပ်ဒေသ တိုင်ရင်းသားလူငယ်များ အခြေခံ၊ အဆင့်မြင့်ပညာရပ်များကို သင်ကြားလေ့ကျင့်ပေးတာဖြစ်ပါတယ်။  ဒီသင်တန်း ကနေ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းနွမ်းပါးမှုလျှော့ချရေးကိုအခြေခံပြီး တိုင်းရင်း သားယဉ်ကျေးမှု၊ စာပေ ၊ ဓလေ့ထုံးစံတို့ကို မြတ်နိုးထိန်းသိမ်းတတ်စေရန်နဲ့ တိုင်းရင်းသားအချင်းချင်း ရင်းနှီး မှုပိုမိုခိုင်မြဲစေပြီး မိမိဒေသအကျိုးစီးပွားလုပ်ငန်းများမှာ ဝင်ရောက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်ဖွင့် လှစ်သင်ကြား ပို့ချပေးရခြင်းဖြစ်ပါတယ်"  ဟု ရခိုင်ပြည်နယ်  ဒုတိယညွှန်ကြားရေးမှူး ဦးမောင်စိုးကပြောသည်။

အဆိုပါသင်တန်းသို့  စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊  ရသေ့တောင်နှင့်   ကျောက်တော်မြို့ နယ်တို့မှ သင်တန်းသားလူငယ်(၂၀)ဦးတက်ရောက်ခဲ့ကြပြီးသင်တန်းကာလမှာရက်သတ္တပတ်(၂၀)ပတ်ကြာမြင့်ခဲ့ကြောင်းသိရသည်။

 နီထွန်းအောင်(ပြန်/ဆက်)