မန္တလေး ၁၉ အောက်တိုဘာ 

 

Apple ကုမ္ပဏီက အသစ်ထုတ်လုပ်သည့်  iPhone XS နဲ့ iPhoneXS Max  စတင်ရောင်းချခြင်းကို မန္တလေးမြို့မှာ ယနေ့ကျင်းပပြုလုပ်ခဲ့သည်။ 

 

နောက်ဆုံးပေါ်iPhone XS နဲ့ iPhone XS Max ကို မန္တလေးမြို့ ၇၈ လမ်း ၊ ၂၇ လမ်းနဲ့ ၂၈ လမ်းကြားရှိ Any Call မိုဘိုင်းဖုန်းအရောင်းဆိုင်တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့သည်။ 

 

“မနက်အစောကြီးကတည်းက တန်းဆီနေကြတာ ကားလမ်းပေါ်အထိတောင် ရောက်သွားတယ်။ နောက်ထပ်ရောက်လာတာတွေလည်း အများကြီးပဲ”ဟု Regional Sale Manager ဧကရာဇ်ယုလွင်က ပြောသည်။

 

Xs 64 GB ၁၈သိန်း၅ သောင်း ကျပ် ၊ Xs 256 GB ကသိန်း ၂၀ ကျပ် ၊ Xs 512GB က၂၄သိန်း၅ သောင်း ကျပ် ရှိကြောင်းသိရသည်။ 

 

iPhone XS နဲ့ XS Max တို့တွင် အသုံးပြုထားတဲ့ OLED DISPLAY သည် Dolby Vision ၊ HDR10 စတဲ့ feature များကို Support လုပ်သည့် အပြင် Display ရဲ့ Dynamic range color တွေအနေနဲ့လည်း iPhone X ရဲ့ Display ရဲ့ dynamic range colors ထက် 60% လောက်ပိုကြီးကြောင်း သိရသည်။   iPhone XS နဲ့ XS Max မှာဆိုရင် အရောင်သစ်အနေနဲ့ Gold Color နှင့်ထုတ်လုပ်ထားသည်။ 

 

iPhone Xs နှင့် Xs Max တို့ကို မီးခိုးရောင်၊ ငွေရောင်၊ ရွှေရောင်တို့ဖြင့် ထုတ်လုပ်ထားသည်။

 

အိမို့မို့ခိုင်