မန္တလေး ၁၉ အောက်တိုဘာ

 

ခရီးသည်များ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေးအတွက် Oway Ride အက်ပလီကေးရှင်းကို မီနီအိုးဝေမှ အခုလ ၁၈ ရက်က စတင်မိတ်ဆက်ခဲ့သည်။

 

အဆိုပါ အက်ပလီကေးရှင်းကို ယနေ့ (အောက်တိုဘာ ၁၉ ) တွင် စတင်အသုံးပြုနိုင်မည် ဖြစ်သည်။ အက်ပလီကေးရှင်းတွင် အရေးပေါ်အခြေအနေကြုံလာပါက SOS Button ကိုနှိပ်ပြီး အနီးကပ်ဆုံးလူတွေဆီ အကူအညီရောက်နိုင်သည့် စနစ်များပါရှိခြင်း၊ မိမိသွားနေသည့်ခရီးစဉ်ကို မိသားစုများထံ လမ်းကြောင်း ကြည့်ရှုနိုင်ခြင်းများ ပါဝင်ကြောင်းသိရသည်။

 

‘ဒီဆော့ဝဲရဲ့အဓိကအားသာချက်က တကယ်လို့ ညဘက်မီနီအိုးဝေစီးနေရင်း အရေးပေါ် အခြေအနေတစ်ခုကြုံလာခဲ့ရင်SOS Button ကို နှိပ်လိုက်ရင် အနီးကပ်ဆုံးက လူတွေဆီအကူညီရောက် နိုင်သလို ကျွန်တော်တို့ရဲ့ Call Center မှာလည်း Alert ပေးမှာဖြစ်ပါတယ်’ဟု မီနီအိုးဝေ ကုမ္ပဏီ၏ စီနီယာဒါရိုက်တာ ကိုကျော်မင်းဆွေက ပြောသည်။

 

မီနီအိုးဝေ၏ယာဉ်တိုင်းတွင် မောင်းနှင်သူ၏ ဓာတ်ပုံ၊ မှတ်ပုံတင်နံပါတ်များ ပါဝင်ပြီး လုံခြုံရေးအတွက် မှတ်တမ်းများရယူနိုင်ကြောင်း သိရသည်။

 

မန္တလေးမြို့တွင် မီနီးအိုးဝေဖြင့် ချိတ်ဆက်ဆောင်ရွက်သည့် သုံးဘီးအစီးရေ ၅၀ဝ ရှိပြီး သုံးဘီးဆိုင်ကယ်များ၏ စည်းကမ်းချက်နှင့် ပတ်သက်ပြီး မန္တလေးမြို့တော်စည်ပင်နှင့် တွေဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

အိမို့မို့ခိုင်