နေပြည်တော် ၁၂ အောက်တိုဘာ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ အီလက်ထရောနစ် လိပ်စာလျာထားသတ်မှတ်ချက် (Myanmar Electronic Addressing Plan) ရေးဆွဲနိုင်ရေးအတွက် အများပြည်သူသဘောထားမှတ်ချက် တောင်းခံခြင်းကို (၅.၇..၂၀၁၈) ရက်နေ့တွင် ပထမအကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ပထမအကြိမ် အများပြည်သူသဘောထားတောင်းခံချက်မှ ရရှိလာသည့် အကြံပြုချက်များနှင့် သဘောထားမှတ်ချက်များအားစိစစ်၍ လိုအပ်သည်များ ထည့်သွင်းပြင်ဆင်ထားသည့် EAP (မူကြမ်း) အားဒုတိယအကြိမ် အများပြည်သူသဘောထားတောင်းခံခြင်းကို ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့အထိဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် Myanmar Electronic Addressing Plan (Draft) for Public Consultation Document အားဝန်ကြီးဌာန၏ Website ဖြစ်သည့် www.motc.gov.mm/ news/ ptd_ news တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း အသိပေးတင်ပြအပ်ပါသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန