ကြာအင်းဆိပ်ကြီး ၂၃ ဇန်နဝါရီ 


ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပသော (၆)ကြိမ်မြောက် ပြည်သူ့စကားဝိုင်း(PUBLIC TALK)ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ခလယ်ကျေးရွာအုပ်စု ခလယ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ပြည်သူ့စကားဝိုင်းကို ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ရဲမှူးဝင်းနိုင်(မြို့နယ်ရဲတပ်ဖွဲ့မှူး)၊ ဒေါက်တာဟန်ကိုဝင်း (ခလယ်/တံခွန်တိုင်ရွာတိုက်နယ်ဆေးရုံ ကျန်းမာရေးဦးစီးဌာနမှူး)၊ ဒေါ်မွန်မွန်အောင်(မြို့နယ်ဥပဒေအရာရှိ)၊ ဦးစောသိန်းဝင်း(ခလယ်ရွာအထကကျောင်းအုပ်ကြီး)တို့က ဦးဆောင်ဆွေးနွေးသွားမည်ဖြစ်ပြီး ၎င်းကျေးရွာနေပြည်သူများအနေဖြင့် လွတ်လပ်စွာ ပါဝင်ဆွေးနွေးနိုင်ကြောင်း သိရသည်။


မျိုးမင်းဦးပြန်/ဆက်