၅ စက်တင်ဘာ

 

လန်ဒန်မြို့လယ်ခေါင် လမ်းမတွေများဟာ ဖျော်ဖြေရေးလုပ်နေသူတွေ၊  လမ်းဘေးဈေးသည်တွေနဲ့ အသက်ဝင်နေတာဟာ ရာစုနှစ် ချီပြီလို့ ဆိုရပါတယ်။ 

 

လမ်းမပေါ်က ဖျော်ဖြေရေးလုပ်နေသူ ရှားလော့ ကမ်ဘဲလ်ဟာ လန်ဒန်အိုင်း (London Eye) လို့ ခေါ်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ ပြည့်နေတဲ့ နေရာမှာ နေ့စဉ်သီဆိုတီးမှုတ်ဖျော်ဖြေလေ့ရှိပါတယ်။ သူမရဲ့ ဖျော်ဖြေမှုကို အားပေးချီးမြှင့်တဲ့အနေနဲ့ ငွေစက္ကူများ၊ အကြွစေ့များကို ပေးကမ်းသွားတာမျိုးလည်းရှိပါတယ်။ အဲဒီလို ငွေသားမပါရှိတဲ့သူတွေက ရှားလော့ကို ချီးမြှင့်ချင်ရင် PIN နံပတ်နှိပ်စရာမလိုတဲ့ ငွေပေးစနစ်ပါ ဘဏ်ကတ်စနစ်နဲ့လည်း ပေးလို့ရပါတယ်။ သူမဟာ PIN နံပတ်နှိပ်စရာမလိုတဲ့ ငွေပေးစနစ်ပါ ဘဏ်ကတ်စနစ်နဲ့ ငွေလက်ခံတဲ့ ပထမဦးဆုံး လမ်းမပေါ်က ဖျော်ဖြေသမားဖြစ်ပါတယ်။

 

 

အခုဆိုရင် ရှားလော့ရဲ့ နေ့စဉ်ဝင်ငွေရဲ့ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းဟာ PIN နံပတ်နှိပ်စရာမလိုတဲ့ ငွေပေးစနစ်ပါ ဘဏ်ကတ်စနစ်ကနေ ရရှိတာဖြစ်ပါတယ်။ ရှားလော့ တီးခတ်ဖျော်ဖြေတဲ့ ဂီတာအိတ်ထဲမှာ သူမရဲ့ မိုဘိုင်းကနေတစ်ဆင့် ဘဏ်ကတ်စနစ်ကို လက်ခံတဲ့ စက်တစ်လုံးကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ တစ်ခါချီးမြှင့်ရင် အလိုလျောက် အဲဒီစက်ကနေ စတာလင်ပေါင် ၂ ပေါင် လှူဒါန်းသူရဲ့ ဘဏ်ကနေ ဖြတ်သွားမှာဖြစ်ပါတယ်။ 

 

 

ဆင်းရဲမှုနဲ့ အိုးမဲ့အိမ်မဲ့တွေကို တွေကူညီနေတဲ့ Big Issue မဂ္ဂဇင်းရောင်းတဲ့သူတွေ၊ The Church of England ခရစ်ယန်ဘုရားကျောင်းတွေမှာလည်း PIN နံပတ်နှိပ်စရာမလိုတဲ့ ငွေပေးစနစ်ပါ ဘဏ်ကတ်စနစ်တွေကို လက်ခံနေပြီဖြစ်ပါတယ်။ 

 

၂၀ဝ၆ ခုနစ်က အိမ်သုံးပစ္စည်းတွေအတွက် ငွေပေးချေမှုရဲ့ ၆၂ ရာခိုင်နှုန်းဟာ ငွေသားနဲ့ ပေးချေရာကနေ ၂၀၁၆ ခုနှစ်မှာ ၄၀ ရာခိုင်နှုန်းအထိ လျှော့ကျသွားကြောင်း ဗြိတိန်ဘဏ္ဍရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။ 

 

MDN
ကိုးကား-AFP