ရှမ်းရွာသစ် ၂၃ ဇန်နဝါရီ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ်ဖြင့် နယ်လှည့်အသိပညာပေး လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး လုပ်ငန်းများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်အေးအေးနွဲ့က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာသော သမိုင်းအကြောင်းများ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် လူကုန်ကူးမှု အန္တရာယ်တားဆီး ကာကွယ်ရေး သိကောင်းစရာများကို ဟောပြောခဲ့သည်။ ထို့နောက် ပြန်/ဆက်ဌာနမှ ပြသထားသော နိုင်ငံတော်အစိုး၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်မှုမှတ်တမ်း ဓါတ်ပုံများ၊ ဆေးလိပ်သောက်ခြင်း၏ဆိုးကျိုးများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဗီနိုင်းများ၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများနှင့် ပင်လုံစာချုပ်၏ လက်မှတ်ရေးထိုးထားသေ ာမှတ်တမ်း ဓါတ်ပုံများကို ပြသခဲ့ရာ ကျောင်းသား/သူများနှင့် ဆရာ/မများ စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
ဝေဠု (ပြန်/ဆက်)