ရွာသစ် ၂၃ ဇန်နဝါရီ
ကယားပြည်နယ်၊ရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနCommunity Centre ခန်းမတွင် မူလတန်းအဆင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၀နာရီက ကျင်းပသည်။

ရှေးဦးစွာ ရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဆွေဆွေအေးမှ ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆု ရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်သည်။
ယင်းနောက် ရုံးတွင်း ပြသထားသော စာအုပ်ပြပွဲ၊ နံရံကပ်စ ာစောင်ပြပွဲများကို ကျောင်းသား ကျောင်းသူများက လေ့လာကြည့်ရှုကြကြောင်း သိရသည်။
နန်းဆွေဆွေအေး (ရွာသစ်)