ဓနုဖြူ ၂၃ ဇန်နဝါရီ 


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် နန်းတော်ကုန်းကျေးရွာအုပ်စု နန်းတော်ကုန်းကျေးရွာ တောင်သူ ဦးသန်းဦး၏ ပြောင်းစိုက်ခင်းတွင် ငမြှောင်တောင်များ စုပေါင်းလက်ဖြင့် ကောက်ယူနှိမ်နင်းပွဲအား ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။


မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချစ်ဝင်းနိုင်က ငမြှောင်တောင်၏ ပျက်စီးမှုလက္ခဏာများ၊ ဘဝစက်ဝန်းနှင့် နှိမ်နင်းနည်းစနစ်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။ 


ငမြှောင်တောင်များအား လက်ဖြင့်ကောက်ယူဖျက်စီးပွဲအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ ပြောင်းစိုက်တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 


အောင်သူဟိဏ်း(ဓနုဖြူ)