၂၄ ဇူလိုင်

 

နိုင်ငံတကာ အာကာသအခြေစိုက်စခန်း ISS သို့ ထောက်ပံ့ရေး ပစ္စည်းများပေးပို့မည့် ဒုံးပျံအား စက်တင်ဘာလတွင် ပစ်လွှတ်သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံက ကြေညာလိုက်သည်။

 

H2B ဟု အမည်ပေးထားသည့် အဆိုပါ ဒုံးပျံအား ဂျပန်နိုင်ငံ အာကာသလေ့လာရေး အေဂျင်စီနှင့် မစ်ဆူဘီရှီ အကြီးစား စက်မှုလုပ်ငန်းတို့ ပူးပေါင်းပြီး တည်ဆောက်ခဲ့တာဖြစ်ပြီး အရှည် ၅၇ မီတာ အချင်း ၅ မီတာ ရှိတဲ့ Kounotori ကုန်တင်အာကာသာယာဉ်ကို သယ်ဆောင်သွားမည်ဖြစ်သည်။

 

ဒုံးပျံတွင် လေထုအတွင်း စတင်ဝင်ရောက်ချိန်၌ အပူချိန်နှင့် ဖိအားကို တိုင်းတာနိုင်သည့် အာရုံခံ စနစ်ကိုလည်း တပ်ဆင်ထားပြီး ယခုပစ်လွှတ်မှုကို နမူနာယူကာ နောက်ပိုင်းပစ်လွှတ်မည့် အစီအစဉ်များအတွက် အကူအညီအထောက်အပံ့များ ရရှိနိုင်မှာဖြစ်ကြောင်း မစ်ဆူဘီရှီ အင်ဂျင်နီယာ တစ်ဦးကလည်း ပြောကြားခဲ့သည်။

 

အဆိုပါ ဒုံးပျံကို စက်တင်ဘာလအတွင်း ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း တာနဲဂါရှိမ အာကာသစင်တာကနေ ပစ်လွှတ်သွားဖို့ စီစဉ်ထားကြောင်း သိရသည်။

 

SMZaw (MDN)
ကိုးကား - NHK