စလင်း ၂၃   ဇန်နဝါရီ 


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ရောင်းချလျက်ရှိသော ဆေးဆိုင်များတွင် တားမြစ်ဆေးဝါးနှင့် သက်တမ်းလွန် ဆေးပစ္စည်းများ ရောင်းချခြင်း မရှိမရှိကို မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ၏လမ်းညွှန်မှုအရ ဇန်နဝါရီလ ၂၂ ရက်နှင့် ၂၃ ရက်တွင် ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။


ပူးပေါင်းအဖွဲ့သည် စလင်းမြို့ပေါ်ရှိ ဆေးဆိုင် ၂၃ ဆိုင်နှင့် ဆင်ဖြူကျွန်းမြို့ပေါ်ရှိဆေးဆိုင် ၉ ဆိုင်တို့အား ရှောင်တခင် ဝင်ရောက်စစ်ဆေးရာ တားမြစ်ဆေးဝါးများ ရောင်းချခြင်းမရှိသော်လည်း သက်တမ်းလွန် ဆေးဝါး ၃၂ မျိုး တွေ့ရှိသဖြင့် သက်တမ်းလွန်ဆေးဝါးများအား သိမ်းဆည်းခဲ့ပြီး ဖျက်ဆီးခြင်း လုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


မြို့နယ်ပြန်/ဆက်