ရန်ကုန်  ၂၃ ဇန်နဝါရီ             


ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် မင်းကြီးလမ်းပေါ်သို့ အသစ်ထိုးမည့် အင်းစိန်မီးရထား ခုံးကျော်တံတား လက်တန်းတည်ဆောက်မည့် နေရာကို အင်းစိန်မြို့နယ် မဲဆန္ဒနယ်မြေ(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်၊ မဲဆန္ဒနယ်မြေ(၂)တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်နှင့် တာဝန်ရှိသူတို့က ဇန်နဝါရီလ ၂၂ ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့သည်။


ကွင်းဆင်းကြည့်ရှုရာတွင် ဆောက်မည့်နေရာ အခင်းအကျင်း လမ်းဧရိယာနှင့် တည်ဆောက်ရေး ဧရိယာအကျယ်အဝန်း မြေပြင်အနေအထားတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်၊ မြို့နယ်စည်ပင်လမ်းတံတား တာဝန်ခံများ၊ မြန်မာ့မီးရထားမှ တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။


မျိုးသန့်(အင်းစိန်)