မူဆယ် ၂၃ ဇန်    


ရှမ်းပြည်နယ်(မြောက်ပိုင်း) မန့်ဟီးရိုးမြို့တွင် ကလေးသူငယ်များ၏ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုမြင့်မားလာစေရန်ရည်ရွယ်၍ မူလတန်းအဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စက္ကူခေါက်ပြိုင်ပွဲကို ဇန်နဝါရီ ၂၃ ရက် နံနက် ၁၀ နာရီအတွင် စုပေါင်းရုံး အတွင်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။


အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာဝင်းက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများပြောကြားပြီး၊ ပြိုင်ပွဲဝင်ကလေးများက ဆေးရောင်ခြယ်၊ စက္ကူခေါက်ပြိုင်ပွဲ များကို ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ ဆုရရှိသော ကလေးသူမယ်များကို တာဝန်ရှိသူများက ဆုများကို ပေးအပ်ခဲ့ကြောင်းသိရသည်။


ဆိုင်ဖြူ(မူဆယ်)