၁၃   ဇူလိုင်

 

Galaxy A8 Star စမတ်ဖုန်းဟာ ဆမ်ဆောင်းရဲ့ နောက်ဆုံးထွက်ဖုန်းမော်ဒယ်သစ်တွေထဲက တစ်ခုဖြစ်ပြီး ကင်မရာပိုင်း စွမ်းဆောင်ရည် အထူးကောင်းမွန်သလို အခြားမြင့်မားတဲ့ စွမ်းဆောင်ရည်တွေနဲ့ တန်ဖိုးမြင့်ဖုန်း တစ်လုံးဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက်မှာ ဇွန် ၂၇ ရက်က စတင်မိတ်ဆက်ခဲ့ပြီး ရောင်းချတာကတော့ ဇူလိုင် ၁၀ ရက်ကမှ စတင်ရောင်းချပါတယ်။

 

မျက်နှာပြင်အကျယ်က ၆ ဒသမ ၃ လက်မရှိပြီး ဖုန်းစခရင်ဟာ အပေါ်နဲ့အောက် ပေါင်နေရာအနည်းငယ် ကလွဲရင် မျက်နှာပြင် အပြည့်နီးပါး ဖြစ်ပါတယ်။ ရုပ်ထွက်အရည်အသွေးလည်း အထူးကောင်းမွန်ပြီး စခရင်ရဲ့ အချိုးဟာ ၁၈.၅း၉ ဖြစ်လို့ နောက်ဆုံးထွက် ၁၈း၉ ဖုန်းတွေထက်တောင် ပိုပြီးရှည်သွယ်နေတဲ့ ပုံစံဖြစ်ပါ တယ်။

 

အန်းဒရွိုက်ဗားရှင်းအနေနဲ့ 8.0(Oreo)ကို အသုံးပြု ထားပြီး Kryo Octa-core CPU နဲ့ RAM 4GB ပါဝင်လို့ စွမ်းဆောင်ရည်မြင့်မားပြီး အပလီကေးရှင်း အမျိုးမျိုး၊ ဂိမ်းအမျိုးမျိုးကို ပေါ့ပါးစွာ သုံးစွဲနိုင်မှာဖြစ်ပါတယ်။ အင်တာနယ် မင်မိုရီက 64 GB ပါဝင်လို့ ပမာဏ များပြားသလို မင်မိုရီကတ် ထပ်စိုက်သုံးရင်လည်း 512 GB အထိပါ ထောက်ပံ့ပေးနိုင်တာကြောင့် လက်ရှိထွက်ထားတဲ့ ဖုန်းတွေထဲမှာ မင်မိုရီကတ်ကို ပမာဏအများဆုံး support လုပ်ပေးနိုင်တဲ့ဖုန်းလည်း ဖြစ်ပါတယ်။ မင်မိုရီကတ်ကို ဒုတိယဆင်းကတ်နေရာမှာ ထည့်သုံးရမှာ ဖြစ်တာကြောင့် မင်မိုရီကတ် သုံးရင်တော့ ဆင်းကတ်ကို တစ်ကတ်ပဲ သုံးနိုင်မှာဖြစ်ပါတယ်။

 

Galaxy A8 Star ရဲ့ ကင်မရာပိုင်းကတော့ စွမ်းဆောင်ရည်အထူးကောင်းမွန်ပြီး နောက်ကင်မရာဟာ ၂၄ မဂ္ဂါပစ်ဇယ်နဲ့ ၁၆ မဂ္ဂါပစ်ဇယ်ပါဝင်တဲ့ Dual ကင်မရာဖြစ်လို့ အလင်းရောင် အားနည်းချိန်တွေမှာတောင် အရည်အသွေးကောင်းတဲ့ပုံတွေ ရိုက်နိုင်မှာ ဖြစ်ပါတယ်။ ရှေ့ဘက် ဆယ်လ်ဖီကင်မရာကလည်း ၂၄ မဂ္ဂါပစ်ဇယ်ရှိလို့ ဆယ်လ်ဖီဝါသနာရှင်တွေ အတွက်လည်း အဆင်ပြေစေမှာဖြစ်ပါတယ်။ လက်ဗွေစနစ်လည်း ပါဝင်ပြီး ဘက်ထရီပိုင်း အနေနဲ့လည်း 3700 Li-Ion ဘက်ထရီပါဝင်လို့ စွမ်းဆောင်ရည် မြင့်မားပါတယ်။

 

Galaxy A8 Star ကို ကိုယ်ထည်အရောင် အဖြူရောင်နှင့် အနက်ရောင် နှစ်မျိုးရနိုင်ပြီး ပြည်တွင်းမှာ ဇူလိုင် ၁၀ ရက်ကစပြီး အထူးအစီအစဉ်တွေနဲ့အတူ ကျပ် ၇၈၉၀ဝဝ နဲ့ ရောင်းချနေပါတယ်။

 

သူရဖြိုး