ချန်ဒူး ၃ ဇူလိုင်

 

တနင်္လာနေ့ နံနက်ပိုင်းက စီချွမ်ပြည်နယ် ချန်ဒူး ပန်ဒါ သားဖောက် သုသေတနစင်တာတွင် ပန်ဒါ ဝက်ဝံသားပေါက် အထီးနှင့် အမ အမြွာနှစ်ကောင်ကို မွေးဖွားခဲ့ကြောင်း သိရသည်။

 

ချန်ဒူး ပန်ဒါသားဖောက်စင်တာမှ ပန်ဒါဝက်ဝံမကြီး ချင်ဟီက နံနက် ၇ နာရီ ၅၃ မိနစ်မှာ ၁၁၇ ဒသမ ၂ ဂရမ် အလေးချိန်ရှိ သားပေါက် အမတစ်ကောင်ကို မွေးဖွားခဲ့ပြီး ၂၃ မိနစ်အကြာမှာ ၁၄၀ ဒသမ ၈ ဂရမ်ရှိ အထီးတစ်ကောင်အား မွေးဖွားခဲ့ခြင်းဖြစ်သည်။

 

 

ဒုတိယအကြိမ်မြောက် ပန်ဒါသားပေါက် အမြွှာ မွေးဖွေးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွက် အမြွှာသားပေါက် လေးကောင်အပါအဝင် စုစုပေါင်း သားပေါက် ကိုးကောင်ကို ချန်ဒူး သားဖောက် သုတေသန စင်တာတွင် မွေးဖွားနိုင်ခဲ့ကြောင်း သိရသည်။

 

ယခုအမြွှာသားပေါက်မွေးဖွားပေးခဲ့သည့် ဝက်ဝံမကြီး ချင်ဟီကို ၂၀ဝ၁ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့က မွေးဖွားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ပထမဆုံး အမြွှာသားပေါက်အား ၂၀၁၅ ခုနှစ်က မွေးဖွားခဲ့သည်။

 

MDN
ကိုးကား - ဆင်ဟွာ