နာဆာ ၁၄ ဇွန်
အင်္ဂါဂြိုဟ်ပေါ်မှာ ထုထည်ကြီးမားတဲ့ သဲမုန်တိုင်းတစ်ခုကြောင့် အင်္ဂါဂြိုဟ်ပေါ်ဆင်းသက်မည့် အာကာသယာဉ်နှင့် အဆက်အသွယ် ပြတ်တောက်သွားကြောင်း အမေရိကန် အာကာသအေဂျင်စီ နာဆာက ထုတ်ပြန်လိုက်သည်။
စတုရန်း ကီလိုမီတာ ၃၅ သန်း ကျယ်ဝန်းသည့် အဆိုပါ မုန်တိုင်းဟာ ကမ္ဘာပေါ်ရှိ မြောက်အမေရိကတိုက်နှင့် ရုရှားနိုင်ငံတို့၏ ဧရိယာစုစုပေါင်းနှင့် ညီမျှကာ မေလကုန်ကတည်းက စတင်ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ဂြိုဟ်မျက်နှာပြင် လေးပုံတစ်ပုံထိ ဖုံးအုပ်ခဲ့ကြောင်း သိရသည်။
သဲမုန်တိုင်းဟာ နေရောင်ခြည်ကို ဖုံးအုပ်သွားတာကြောင့် နေရောင်ခြည် စွမ်းအင်သုံးစနစ်ဟာ ဘတ္ထရီများကို စွမ်းအင်ဖြည့်တင်းပေးနိုင်ခြင်း မရှိတော့ဘဲ ပြီးခဲ့သည့် တနင်္ဂနွေနေ့ကတည်းက အာကာသယာဉ်နှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ခြင်း ဖြစ်သည်။ မုန်တိုင်းအား လျော့သွားချိန်တွင် အာကာသယာဉ်နှင့် အဆက်အသွယ်ပြန်ရရန် ကြိုးစားနေကြောင်း နာဆာ၏ ထုတ်ပြန်ချက်အရ သိရသည်။
ရက်ပေါင်း ၉၀ ကြာမြင့်သည့် ၂၀ဝ၄ ခုနှစ် ဇန်နဝါရီလက အင်္ဂါဂြိုဟ်ပေါ်ဆင်းသက်ခဲ့သည့် ခရီးစဉ်တွင် အင်္ဂါဂြိုဟ်၏ ဘူမီဗေဒဆိုင်ရာ အချက်အလက်များကို လေ့လာရန် သိပ္ပံပညာရှင်များအတွက် အထောက်အကူဖြစ်စေမည့် အချက်အလက်များကို လွှဲပြောင်းပေးနိုင်ခဲ့သည်။
မုန်တိုင်းဟာ မည်မျှကြာမြင့်မည်ကို မသိရသေးကြောင်း၊ အာကာသာယာဉ်နှင့် အဆက်အသွယ်ပြန်ရဖို့ မျှော်လင့်ရကြောင်းနှင့် ယခုအခြေအနေဟာ သတိလစ် မေ့မြောနေသူကို စောင့်ကြည့်ရသလို စိုးရိမ်ပူပန်နေရကြောင်း နာဆာမှ အရာရှိတစ်ဦးကပြောသည်။
ဘာသာပြန် - SMZaw (MDN)
ကိုးကား - NHK