ရော့(စ်) ကော့ (စ်) မော့ (စ်)  ၉  ဇွန်

 

အတွေ့အကြုံရှိ အာကာသ ယာဉ်မှူးများ ဖြစ်ကြသည့် ဥရောပ အာကာသအေဂျင်စီမှ ဂျာမနီ အာကာသယာဉ်မှူး အလက်ဇန်းဒါး ဂယ်စ် (တ်)၊ နာဆာမှ ဆရီနာ အော်နန် ချန်ဆဲလာ နှင့် ရုရှားအာကာသယာဉ်မှူး ဆာဂီ ပရိုကော့ပီယဗ် တို့သည် နိုင်ငံတကာ အာကာသအခြေစိုက်စခန်း  (ISS) ကို ဆိုက်ကပ်နိုင်ခဲ့ပြီး ၎င်းအာကာသဓာတ်ခွဲခန်းအတွင်း အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ကြောင်း ရုရှား အာကာသအေဂျင်စီ  ရော့(စ်) ကော့ (စ်) မော့ (စ်) ၏ ပြောကြားချက်အရ သိရသည်။ (ISS) အာကာသဓာတ်ခွဲခန်းသည် ၁၉၈၈ ခုနှစ်ကတည်းက တစ်နာရီလျှင် မိုင်ပေါင်း ၁၇၀ဝ၀ နှုန်းဖြင့် ကမ္ဘာကို လှည့်ပတ်နေခြင်းဖြစ်သည်။

 

အဆိုပါ အာကာသယာဉ်မှူးများကို နိုင်ငံတကာ အာကာသအခြေစိုက်စခန်းတွင် လက်ရှိ ရောက်ရှိနှင့် နေပြီးဖြစ်သော အမေရိကန် အာကာသယာဉ်မှူး ဒရူး ဖူစတယ်(လ်)၊ ရစ်ချဒ် အာနိုး(လ်) နှင့် ရုရှား အာကာသယာဉ်မှူး အိုလဂ် အာတီမီယဗ် တို့က ကြိုဆိုခဲ့ကြသည်။

 

အသစ်ရောက်ရှိသော အာကာသယာဉ်မှူး သုံးဦးသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ရုရှားနိုင်ငံ ကာဇက်စတန်ရှိ ဘိုက်ကိုနာ အာကာသယာဉ် ပစ်လွှတ်ရေး အခြေစိုက်စခန်းမှ ဆိုယု (ဇ်) ဒုံးပျံယာဉ်ဖြင့် ထွက်ခွာခဲ့ကြခြင်း ဖြစ်ပြီး ဇွန်လ  ၁၄ ရက်နေ့တွင် စတင်မည့် ရုရှားကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို အားပေးခွင့် လွဲချော်သွားကြမှာ ဖြစ်သော်လည်း ကမ္ဘာ့ဖလား နောက်ဆုံးပွဲစဉ် ကျင်းပမည့် ဇူလိုင်လ ၁၅ ရက်နေ့တွင် အာကာသစခန်းအတွင်း ဘောလုံးကစားကြရန် စီစဉ်ထားကြသည်။

 

ရုရှားနိုင်ငံ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲတွင် အသုံးပြုမည့် ဘောလုံးအား  အာကာသသို့ ယူဆောင်သွားပြီး ဘောလုံးကစားခဲ့ကြသည့် အမေရိကန်၊ ရုရှားနှင့် ဂျပန်အာကာသယာဉ်မှူးများကလည်း ပြီးခဲ့သည့် တနဂငေ်္နွနေ့က ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိခဲ့ကြကာ ဘောလုံးအား ပြန်လည် သယ်ဆောင်ခဲ့ကြသည်။

 

ဘာသာပြန် - SMZaw (MDN)
ကိုကား  - အေအက်ဖ်ပီ