လားရှိုး ၂၃ ဇန်နဝါရီ 


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ် ဦးစီးမှူးရုံး၏ သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော အခြေခံပညာကျောင်းများရှိ ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို လားရှိုးမြို့၊ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း၊ ကမ္ဘောဇခန်းမတွင် ယနေ့မွန်းလွဲ ၁၂ နာရီခွဲက ကျင်းပသည်။


အခမ်းအနားတွင် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၅၂) ကတ်အား ကျောင်းသား ကျောင်းသူများထံ ပေးအပ်ကြောင်း သိရသည်။


ဇော်လွင်(လားရှိုး)