တကောင်း ၂၃ ဇန်နဝါရီ

 

တကောင်းမြို့ ပြည်သူ့ဆေးရုံတွင် အသုံးပြုနိုင်ရန်အတွက် လိုအပ်နေသည့် ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက အဆိုပါ ဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

8552

 

အခမ်းအနားတွင်  မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး တာဝန်ခံဆရာဝန်ကြီး ဒေါက်တာစိန်လှိုင်ဝင်းမှ ပြည်သူ့ဆေးရုံတွင် အဓိကလိုအပ်နေသော ဆေးရုံသုံးပစ္စည်းများကို လှူဒါန်းပေးပါသော အလှူရှင်များအား ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

 

အဆိုပါ ဆေးရုံသုံးပစ္စည်းများကို တကောင်းမြို့နေ ဦးနေဝင်းအောင် + ဒေါ်ရီရီမြင့် (သုံးမိုင်သစ္စာ သစ်အချောထည်စက်ရုံ) မိသားစုတို့မှ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ဆေးရုံသုံးပစ္စည်းများမှာ Suction Machine (၁)ခု၊ Auto Clip 24 L (၁)ခု၊ Oxygen 3L စက်(၁)ခု၊ Blue-Photo (၁)စုံ၊ Pluse – Oximeter (၁)ခု စုစုပေါင်းတန်ဖိုးငွေ (၁၅)သိန်းကျပ်ဖြစ်ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။ 

 

MDN