နေပြည်တော် ၂၃ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ ပိုမိုလွယ်ကူချောမွေ့စွာ လာရောက်လည်ပတ်နိုင်ရန် ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန မန္တလေးရုံးခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုနှင့် တာဝန်ရှိသူများသည် China Eastern Airline မှ GM ဖြစ်သူ Ms. Lijing နှင့် မန္တလေးတိုင်းဒေသကြီး Information Counter တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုသို့ ဆွေးနွေးရာတွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) မှ တာဝန်ရှိသူများ၊ ခရီးသွားကုမ္ပဏီများမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် လေယာဉ်စီး ခရီးသွားဧည့်သည်များ ဆောင်ရန်/ ရှောင်ရန်နှင့် လိုက်နာရန်အချက်များကို ပိုမိုသိရှိနားလည်စေရန် Social Media (Wechat) ကို အသုံးပြု၍ လိုအပ်သော information များ ဖြန့်ဝေနိုင်ရေးဆိုင်ရာများ၊ မန္တလေးတိုင်းအတွင်း ခရီးစဉ်ဒေသများ ရေရှည်တည်တံ့စေရေးနှင့် ခရီးသည်များ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေးအတွက် ကြိုတင်သိထားသင့်သော အချက်များ၊ အသိပေး ဖြန့်ချိနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန မန္တလေးရုံးခွဲမှ သိရှိရသည်။
MDN