နေပြည်တော် ၂၃ ဇန်နဝါရီ  

 

ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် Myanmar Centre for Responsible Business – MCRB မှ Ms. Margaret Wachenfeld နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-9) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ကို အသုံးပြု၍ သတင်းအချက်အလက်များ ထိန်းသိမ်းကာကွယ်ရေး၊ ဆိုင်ဘာလုံခြုံရေးဆိုင်ရာ ဆောင်ရန်ရှောင်ရန် အချက်များ၊ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိသည့် စီးပွားရေးဖြစ်စေရေး၊ မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဥပဒေဆိုင်ရာ ကိစ္စရပ်များနှင့် မူဝါဒများအား ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ကြသည်။

 

(သတင်းစဉ်)