နေပြည်တော် ၂၃ ဇန်နဝါရီ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ကိုရီးယားနိုင်ငံ Lotte Confectionary မှ Chairman ဖြစ်သူ Mr. Noh Mang Ko နှင့် L & M Mayson Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးတင့်ကျော် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့အား ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါဝန်ကြီးရုံး၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ နိုင်ငံခြားသားကုမ္ပဏီများအား လက်လီ၊ လက်ကား ဖြန့်ဖြူးရောင်းချခွင့်ပြုပြီးဖြစ်၍ ကိုရီးယားစားသောက်ကုန်လုပ်ငန်းများ မြန်မာပြည်တွင်း၌ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် ပြည်ပသို့တင်ပို့နိုင်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာတို့ဖြင့် သစ်သီးဝလံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
(သတင်းစဉ်)