၂၃ ဇန်နဝါရီ

 

၂၀၁၉ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲကို ဇန်နဝါရီ ၂၅ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး စလင်းကွင်းနှင့် ပဒုမ္မာကွင်း၌ တစ်ပတ်လျှင် နှစ်ရက်ကျင်းပမည် ဖြစ်သည်။

 

ယင်းပြိုင်ပွဲတွင် အသင်းရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လက်ရှိချန်ပီယံ ရွိုင်ရယ်သန်လျင်အသင်း အပါအဝင် မြဝတီ၊ အား/ကာသိပ္ပံ၊ မောရဝတီ၊ ကချင်ယူနိုက်တက်၊ ငွေကြယ်ပွင့်၊ တက္ကသိုလ်အသင်းနှင့် ချင်းယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

 

ရွိုင်ရယ်သန်လျင်အသင်းသည် ပြီးခဲ့သည့်ရာသီတွင် ဗိုလ်စွဲခဲ့သော်လည်း MNL တွင် ယှဉ်ပြိုင်နိုင်သည့် ဘတ်ဂျက်အနေအထား မရှိသောကြောင့် ပထမတန်း၌ ဆက်လက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး အသင်းဖျက်သိမ်းသွားသည့် ချင်းယူနိုက်တက်အသင်း ပထမတန်း၌ ပြန်လည်ယှဉ်ပြိုင်သလို အသင်းသစ်အဖြစ် အား/ကာသိပ္ပံအသင်း ယှဉ်ပြိုင်မည် ဖြစ်သည်။

 

ပွဲစဉ် (၁) အဖြစ် ဇန်နဝါရီ ၂၅ ရက်တွင် ပဒုမ္မာကွင်း၌ မြဝတီအသင်းနှင့် အား/ကာသိပ္ပံအသင်း၊ စလင်းကွင်း၌ ရွိင်ရယ်သန်လျင်အသင်းနှင့် မောရဝတီအသင်း၊ ဇန်နဝါရီ ၂၆ ရက်တွင်ပဒုမ္မာကွင်း၌ ကချင်ယူနိုက်တက်အသင်းနှင့် ငွေကြယ်ပွင့်အသင်း၊ စလင်းကွင်း၌ တက္ကသိုလ်အသင်းနှင့် ချင်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ 

 

ပထမအကျော့ပွဲစဉ်များကို မတ် ၈ ရက်အထိ ကျင်းပမည်ဖြစ်သည်။

 

ညီမြတ်သော်တာ