မိုးနဲ  ၂၄ ဇန်နဝါရီ


ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပြည်သူ့ဝန်ဆောင်မှုရုံး ရွေ့လျားဝန်ဆောင်မှုနှင့်အတူ ဝက်များတွင် ဖြစ်ပွားတတ်သော အာဖရိက အပြင်းဖျားဝက်ရောဂါ (African Swine Fever) ဆိုင်ရာ အသိပညာပေးဟောပြောခြင်း ကို နောင်မြိုင်းကျေးရွာအုပ်စု ကင်တုံကျေးရွာဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။


အသိပညာပေးဟောပြောရာတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ခင်မောင်ဝင်းက အာဖရိက အပြင်းဖျားဝက်ရောဂါ၏ နောက်ခံသမိုင်း၊ ရောဂါကူးစက် ပျံ့နှံ့ခြင်း၊ ရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်ခြင်းနှင့်အခြား မှားယွင်းနိုင်သော ရောဂါများအကြောင်းကို အသိပညာပေးဟောပြောပြီး ပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။


အဆိုပါ အခမ်းအနားသို့ ဒေသခံပြည်သူ ၁၅၀ ခန့် တက်ရောက်ခဲ့ပြီး အာဖရိက အပြင်းဖျား ဝက်ရောဂါ (African Swine Fever) ကူးစက်ပျံပွားမှု မရှိစေရေးနှင့် တားဆီးကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ရန်နှင့် ကူးစက်ရောဂါ ဖြစ်ပွားလျှင်ဖြစ်စေ သံသယရှိလျှင်ဖြစ်စေ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန (သို့မဟုက်) ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံသို့ ဆောလျင်စွာ အကြောင်းကြားနိုင်ရေးအတွက် ဟောပြောခဲ့ခြင်း ဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။


မျိုးညွန့်ရွှေ (မိုးနဲ) 

Related Articles