ကလော၊  ၆   ဒီဇင်ဘာ  

 

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ကလောမြို့နယ် နန်းနိုင်ကျေးရွာအုပ်စု ကျောက်ဆုတ် ကျေးရွာနှင့် တောင်ကွဲကျေးရွာအုပ်စု မြောင်းချောက်ကျေးရွာသို့ ကလောမြို့နယ် မြို့မစခန်းမှူး ဒုရဲမှူး လှနိုင်နှင့် နယ်ထိန်း ရဲအုပ်ဆန်းလွင် ဦးစီးပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သည့် ဘိန်းခင်းဖျက်ဆီး ရေးပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ  ၅ ရက် နံနက် ၈ နာရီက ဘိန်းခင်းများကို လိုက်လံဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ဘိန်းခင်းဖျက်ဆီး ရေးပူးပေါင်းအဖွဲ့သည်   နန်းနိုင်ကျေးရွာအုပ်စု ကျောက်ဆုပ်ကျေးရွာ၏ အနောက်ဘက်ရှိ  တောင်ကြား နံရံများကြားရှိ အမြင့် ၆  လက်မနှင့် ၁ ပေခန့်ရှိ ဘိန်းပင်ပေါက် ၅ ဧက၊ ဆက်လက်ရှာဖွေရာ အမြင့် ၁ ပေနှင့် ၂ ပေခွဲကြားရှိ ဘိန်းခင်း ၅ ဒသမ ၅ ဧက  စုစုပေါင်း ဘိန်းခင်း ၁၀ ဒသမ ၅ ဧက ခန့်တို့ကို  ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

 

အလားတူ နိုဝင်ဘာ ၂၇  ရက်မှာ တောင်ကွဲကျေးရွာအုပ်စု  မြောင်းချောက်ကျေးရွာ အနောက်တောင် ဘက် ၄ မိုင်ခန့်အကွာအမြင့် ၃ ပေခန့် ဘိန်းခင်း ၁ ဒသမ ၅ ဧကခန့် ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဘိန်းခင်းဖျက်ဆီးရေးပူးပေါင်းအဖွဲ့မှ  နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ စုစုပေါင်း ဘိန်းခင်း ၁၂ ဧကခန့်ကို  ပူးပေါင်းဖျက်ဆီးနိုင်ခဲ့ပြီး   ဘိန်းခင်းများကို   ဆက်လက်လိုက်လံရှာဖွေ  ဖျက်ဆီးသွားမည်ဖြစ်ကြောင်း  သိရသည်။

 

မြို့နယ်(ပြန်/ဆက်)