ကော့ကရိတ် ၂၄  ဇန်နဝါရီ 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကော့ကရိတ်မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ  သက်ဆိုင်သူ ပေါင်းစုံပါဝင်သော "မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဆားဒေါက်ဖော့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဌာနဆိုင်ရာ မြို့နယ်မြစိမ်းရောင်ကြီးကြပ်မှုကော်မတီများ ၊ စီမံကိမ်းယူနစ် ၃၉ ယူနစ် ကျေးရွာ ၃၉ ရွာမှ ကော်မတီအဖွဲ့ဝင်များက စီမံကိန်း အကောင်အထည်ဖော်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများအားနည်းချက် အားသာချက်များအကြံပြုချက်များ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

စိုးထက်အောင်(ကော့ကရိတ်)