ကြာအင်းဆိပ်ကြီး ၂၄ ဇန်နဝါရီ 


ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ (၇၂) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲကို ယနေ့နံနက်ပိုင်းက ခလယ်ကျေးရွာအုပ်စု ခလယ်ကျေးရွာ အမှတ် (၄) အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ကျင်းပသည်။

123


အဆိုပါဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူးဒေါ်နှင်းကြည်က စာအုပ်စာစောင်များ ဖတ်ရှုလေ့လာခြင်းဖြင့် ကျောင်းစာအပြင် ပြင်ပအထွေထွေ ဗဟုသုတများ ရရှိစေခြင်း သက်ငယ်မုဒိမ်းနှင့်လူမှောင်ခိုကူးမှုအန္တရာယ်များကိုပြောကြားပြီး စာထောက် ၃ ဒေါ်မြင့်သိင်္ဂီထွန်းက ကျောင်းသားကျောင်းသူ ကလေးငယ်များအား ပညာပေးလိမ္မာယဉ်ကျေးပုံပြင်များအား ပြောပြပြောကြားသည်။


ထို့နောက် ကျောင်းသား ကျောင်းသူ ကလေးငယ်များမှ ခင်းကျင်းပြသထားသည့် ပညာပေးနံရံကပ် စာစောင်များနှင့် စာအုပ်စာစောင်များအား ကြည့်ရှုလေ့အားပေးခဲ့ကြောင်း သိရသည်။


မျိုးမင်းဦးပြန်/ဆက်