မန္တလေး  ၇ ဧပြီ 

 

၁၄ ကြိမ်မြောက် ကွန်ပျူတာနှင့် သတင်းအချက်အလက် နည်းပညာပြပွဲကို မန္တလေးမြို့တွင် မေလ အတွင်း ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။

 

ပြပွဲတွင် ကွန်ပျူတာ နှင့်ဆက်စပ်ပစ္စည်းများ ၊ Note Book များ၊ Tablet များ ၊ Mobile phone များ ၊ Other Mobile Digital Device များ ၊ Software များ၊ နိုင်ငံတကာ အသိမှတ်ပြု သင်တန်းများ စသဖြင့် ကဏ္ဍအမျိုးအစား စုံလင်စွာ ပါဝင်ပြသမည်ဖြစ်ကြောင်းသိရသည်။

 

"ပြပွဲမှာ e - government နဲ့ပတ်သက်တဲ့ အဖွဲ့တွေ၊ e-commerce နဲ့ပတ်သက်တဲ့ အဖွဲ့တွေ ၊မိုဘိုင်းနဲ့ပတ်သက်တဲ့ ပြိုင်ပွဲတွေ လည်း ပါဝင်နိုင်အောင် ဆောင်ရွက်ထားပါတယ်"ဟု မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း ဥက္ကဌ ဦးဥက္ကာကျော်မှ ပြောသည်။ 

 

ကွန်ပျူတာနှင့် သတင်းအချက်အလက်  နည်းပညာပြပွဲတွင် Hardware & Mobile Show ၊ Software Solution Show ၊ Networking-Infra Solution Show ၊ Student Project Show ၊ Grovenment Solution အစီအစဉ်များပါဝင်မှာဖြစ်ပြီး ပြခန်းပေါင်း ၅၀ ကျော် ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။ ပြပွဲကိုမေလ ၅ ရက်မှ ၇ ရက်အထိ ကျင်းပ မည်ဖြစ်ပြီး နိုဝင်ဘာလတွင်လည်း ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ 

 

 

အိမို့မို့ခိုင်